ချန်အယ်က ရယ်မောလိုက်ပြီး ကြက်သားကို ခုတ်ထစ်လိုက်သည်။ ချန်ချီးကလည်း ထမင်းစားပွဲနားသို့ ကပ်သွားပြီးနောက် ဟန်ပန်အပြည့်နှင့် ထိုင်ခုံပေါ်သို့ တက်ထိုင်လိုက်သည်။ သူက ခြေထောက်လေးကို ရှေ့တိုးနောက်ငင်လုပ်ကာ ကစားနေရင်းမှ မိခင်ဖြစ်သူ ချက်ပြုတ်သည်ကို စောင့်ဆိုင်းနေခဲ့သည်။ ကြက်သားစွပ်ပြုတ်က ကျက်သွားရန်အတွက် အချိန်သိပ်မကြာလိုက်ပေ။ ချန်အယ်က ဟင်းအိုးထဲမှ ကြက်ခြေထောက်ကို ခပ်ယူလိုက်ပြီး ပန်းကန်လုံးတစ်ခုထဲသို့ ထည့်လိုက်သည်။ ကြက်ခြေထောက်ကို ဖယ်လိုက်သည်တွင် စွပ်ပြုတ်အိုးထဲ၌ ကြက်သားတစ်ခြမ်းက များများစားစား မကျန်ရစ်တော့ပေ။ ချန်အယ်က မျက်မှောင်ကြုတ်လိုက်ပြီး ပန်းကန်လုံးထဲမှ ကြက်ခြေထောက်ကိုတစ်လှည့် ပိန်ပါးနေသော သားဖြစ်သူအားတစ်လှည့် ကြည့်လိုက်ပြီးနောက် ကြက်ခြေထောက်အား ဟင်းအိုးထဲသို့ ပြန်ထည့်လိုက်ပြီး ကြက်တောင်ပံအား ခပ်ယူလိုက်ကာ ပန်းကန်လုံးထဲသို့ ပြောင်းထည့်လိုက်သည်။
"မင်းစားထားနှင့်။အမေ မင်းဦးလေးဆီကို ဟင်းသွားပို့လိုက်ဦးမယ်။"
ချန်အယ်က ပြောပြောဆိုဆိုနှင့် စွပ်ပြုတ်အိုးထဲမှ လက်ကျန်ဟင်းရည်များကို စွပ်ပြုတ်ပန်းကန််လုံးကြီးထဲသို့ ပြောင်းထည့်လိုက်ပြီး စားပွဲပေါ်တွင် စွပ်ပြုတ်ပန်းကန်အား နေရာချပေးလိုက်သည်။ ကျိုရူမြို့၏နွေရာသီက ပူပြင်းလှသည့်အတွက် စားသောက်စရာများကို အချိန်ဆွဲထားခြင်းက အလုပ်မဖြစ်ချေ။ ချက်ပြုတ်ပြီးသည်နှင့် စားပစ်မှသာ အဆင်ပြေပေသည်။ ချန်အယ်နှင့်ချန်ချီးက လောကဝတ်များ မပါဘဲနှင့်လည်း အသားကျနေပြီဖြစ်ရာ သူတို့သားအမိက ပန်းကန်လုံးထဲမှ ဒီအတိုင်းယူကာ စားသောက်ရသည်ကို မည်သို့မျှပင် သဘောမထားချေ။ ချန်ချီးက သူ့အမေကိုင်ထားသော မြေပန်းကန်လုံးထဲမှ ကြက်တောင်ပံနှင့် စွပ်ပြုတ်များက ချန်ကျားပေါင်အတွက်ဖြစ်ကြောင်း ရိပ်မိလိုက်သည်။ သူက စားပွဲခုံပေါ်မှ ဆင်းလိုက်ပြီးနောက် မိခင်ဖြစ်သူအား ချော့မော့လိုက်သည်။
"အရင်စားရအောင်ပါ။ စားပြီးသွားရင် သားသွားပို့လိုက်ပါ့မယ်။"

BẠN ĐANG ĐỌC
မက်မွန်သီးလေး
Lãng mạnနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...