Chapter 12 သမ်းယီး (၂) / သမ္းယီး (၂)

457 75 7
                                    

နောက်တစ်နေ့၏ မနက်ခင်းတွင်တော့ ကျယ်လောင်လှသော ငိုသံကျယ်ကြီးက အရုဏ်တက်ချိန်အား ဖြိုခွဲပစ်လိုက်ကာ ချန်ကျစ်ချီးသည်လည်း အိပ်ပျော်နေရာမှ လန့်နိုးသွားရသည်။ သူက အိပ်ရာထက်မှ အမြန်ပြေးဆင်းပြီး ခြေဗလာနှင့်ပင် ပြတင်းတံခါးကို ဖွင့်လှစ်လိုက်သည်။ အပြင်ဘက်ကို ဝေ့ဝဲကြည့်လိုက်ကာ ငိုသံအရင်းအမြစ်ကို ရှာဖွေလိုက်၏။

ချင်းပင်းနန်းဆောင်၏ မြေကွက်လပ်တွင် ဝေါယာဉ်တစ်စီးက နေရာယူထားပြီး ပိယွင်ကဲ့သို့ တစ်ပုံစံတည်း ဝတ်စားပြင်ဆင်ထားသော ရံရွေတော်မလေးက ဝေါယာဉ်ထဲမှ ထွက်လာခဲ့သည်။ သူ(မ)လက်ထဲတွင်တော့ အသက်အားဖြင့် သုံးနှစ်ပတ်ဝန်းကျင်ခန့်သာ ရှိလိမ့်မည်ဖြစ်သော ကောင်လေးတစ်ယောက်ကို ချီပိုးထားခဲ့သည်။

"ဦးဦးရေ...ဦးဦးကိုပဲလိုချင်တယ် အူးဝါးး..."

ကလေးလေးက သူ့နှလုံးသားများ ကွဲကြေနေသည့်အလား ငိုကြွေးနေခဲ့ပြီး ရံရွေတော်မလေးလက်မှ လွတ်မြောက်ရန်အတွက် အားကုန်ထုတ်ကာ ရုန်းကန်နေခဲ့သည်။

"အရှင့်သားက မကြာခင်မှာပဲ အရှင့်သားရဲ့ ခမည်းတော်နဲ့ တွေ့ရတော့မှာပါ။"

ရံရွေတော်မလေးက ကလေးငယ်အား ညင်သာနူးညံ့သော လေသံလေးနှင့် ချော့မော့လိုက်ပြီး ပတ်ဝန်းကျင်အား စိတ်လှုပ်ရှားစွာ ဝေ့ကြည့်လိုက်မိသည်။ သူ(မ)က ကလေးငယ်၏ ငိုမြည်သံကြောင့် အနီးအနားရှိ တောင်ဝင်မိသားစုများ အိပ်ပျော်နေရာမှ အနှောင့်အယှက်ဖြစ်ကာ နိုးသွားမည်ကို စိုးရိမ်နေပုံရလေသည်။ ရေသယ်ရန်အတွက် ချင်းပင်းနန်းဆောင်ထဲမှ ထွက်လာခဲ့သော ပိယွင်က ထိုအဖြစ်အပျက်အား တွေ့လိုက်ရသဖြင့် ကူညီပေးရန် ရှေ့တက်သွားခဲ့သည်။ ရံရွေတော်အနည်းငယ်က ကလေးလေးအား စိတ်ငြိမ်သွားစေရန် ချော့မော့နိုင်လိုက်ပြီး ချန်ကျစ်ချီးတို့သားအမိ၏ ဘေးဘက်တွင်ရှိသော အဆောင်ငယ်လေးတွင် နေရာချပေးနိုင်လိုက်သည်။ အဆောင်တံခါးက ပိတ်သွားခဲ့သည်တွင် ထိုကလေးငိုသံက ဖျော့သွားခဲ့သော်လည်း သေချာနားထောင်ပါက သူ့ဦးလေးအား လိုက်ရှာနေသည့်အသံကို ကြားနေရသေးသည်။

မက်မွန်သီးလေးOnde histórias criam vida. Descubra agora