လက်ရှိဘုရင်ဖြစ်နေသော ဧကရာဇ်ကျန်းလုံက ယခုနှစ်တွင် သက်တော်သုံးဆယ့်နှစ်နှစ် ပြည့်တော့မည်ဖြစ်သည်။ သူက အရပ်မြင့်မားပြီး ကျန်းမာကြံ့ခိုင်ကာ ချောမောခန့်ညားသော ပုံဟန်ရှိသည်ပင်။ အနက်ရောင် အတွင်းဝတ်ရုံကို အောက်တွင်ခံကာ ရွှေချည်မျှင်များဖြင့် အမြီးငါးခုနဂါးသဏ္ဌာန် ရေးထိုးထားသော အဝါရောင်ဝတ်ရုံကို ဝတ်ဆင်ထားလေ၏။ သူက ဇီချန်နန်းဆောင်ရှိ ပလ္လင်ပေါ်တွင် ထိုင်နေခြင်းဖြစ်ကာ အေးဆေးတည်ငြိမ်သော မျက်နှာအမူအရာနှင့် သူ့နံဘေးတွင် နေရာယူထားသော ဧကရီအား စကားအချို့ကို ခပ်တိုးတိုးပြောလိုက်သည်။
ဧကရီကတော့ ရွှေချည်မျှင်များဖြင့် ရေးထိုးထားသော အနီရောင်ဇာမဏီဝတ်ရုံအား ဝတ်ဆင်ထားခြင်းဖြစ်ကာ သူ(မ)ခေါင်းပေါ်တွင်တော့ ရေတံခွန်တစ်စင်းမှ စီးကျနေသော ရေများအလား စီစီရီရီပုတီးလုံးများဖြင့် တောက်ပြောင်လှပနေသော ဆံထိုးကိုထိုးထားပြီး ထိုဆံထိုးက သူ(မ)လှုပ်ရှားချိန်တိုင်းတွင် ယိမ်းနွဲ့နေကာ လှပသောမြင်ကွင်းကို ဖြစ်ပေါ်စေသည်။ သူ(မ)က အမှန်ကိုပင် ဧကရီဆိုသည့်အတိုင်း ကျက်သရေရှိလှသည်။
"ကလေးတွေကတော့ နန်းတော်ထဲမှာ ကျန်နေခဲ့ရမှာပေါ့။ သူတို့အမေတွေကိုရော ဘယ်လိုလုပ်မလဲ။ အရှင်မင်းကြီးက သူ(မ)တို့တွေကို ဘယ်လိုဖြေရှင်းမှာလဲ။"
ဧကရီက သူ(မ)လက်ထဲမှ နာမည်စာရင်းအား ဖတ်ကြည့်လိုက်ပြီး အမျိုးသမီးများ၏ နောက်ခံအခြေအနေကို နောက်တစ်ခါထပ်ကာ စစ်ဆေးလိုက်သည်။
"ဒီချန်းစူးယောင်က စုရှင်းဂိုဏ်းက တပည့်မတစ်ယောက်ပဲ။ သူ(မ)ကိုတော့ မနိမ့်လွန်းမမြင့်လွန်းတဲ့ အဆင့်တစ်ခုလောက် ပေးမှရမယ်။"
ထိုစကားကိုပြောလိုက်သော အမျိုးသမီးက အဖြူရောင်လိပ်ပြာလေးများ ရေးထိုးထားသည့် လှပထည်ဝါသော ဇီးရောင်ဝတ်စုံအား ဝတ်ဆင်ထားသည်။ သူ(မ)ကပလ္လင်အောက်ရှိ တစ်ဆင့်နိမ့်သောနေရာတွင် နေရာယူထာပြီး အပြုံးတစ်ခုအား ပန်ဆင်ထားသည်။ သူ(မ)နန်းတော်ထဲတွင် 'ကွေ့ဖေး'ရာထူးကို လက်ဝယ်ရရှိထားသည့် တစ်ဦးတည်းသောသူဖြစ်သည်။
YOU ARE READING
မက်မွန်သီးလေး
Romanceနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...