Chapter 3 နတ်သမီး (၁) / နတ္သမီး (၁)

641 92 0
                                    

"ဘားးး...ဖွီး..."

ချန်ကျားပေါင်၏ ပါးစပ်တစ်ခုလုံးက ကြက်အူအစိမ်းများဖြင့် ပြည့်နှက်သွားကာ ကြက်အူများမှ သွေးစများနှင့် အညစ်အကြေးများ ရောနှောနေသည့် ညှီဟောက်လှသော စိမ်းရွှေရွှေအနံ့အသက်များက သူအာရုံခံနိုင်သမျှ အစိတ်အပိုင်းအားလုံးဆီသို့ ထုံကျင်သွားစေမတတ်ပင် အတားအဆီးမရှိ ကျူးကျော်ဝင်ရောက်လာကြသည်။

"အားး..."

အဒေါ်ဖြစ်သူကလည်း ထိတ်လန့်သွားသောကြောင့် အော်ဟစ်လိုက်မိသည်။ ချန်ချီးက သူ(မ)တို့သားအမိအား ယခုကဲ့သို့ ကြမ်းတမ်းစွာ တုံ့ပြန်လိမ့်မည်ဟု သူ(မ)မထင်ထားမိချေ။ သူ(မ)က အလျင်အမြန်ပင် ချန်ကျားပေါင်ကို နောက်သို့လှမ်းဆွဲလိုက်ကာ ကျောပြင်ကိုရိုက်ပြီး ပြန်အန်ထုတ်စေသည်။

"ပြန်အန်ထုတ်လိုက် မြန်မြန်လုပ်။"

ချန်ချီး၏မိခင်ကလည်း အိမ်အပြင်ဘက်မှ ဆူညံ့သံများကို ကြားလိုက်ရသဖြင့် အမြန်အဆန်ပင် ပြေးထွက်လာခဲ့သည်။ သူ(မ)က ကိစ္စများအား အချိန်မမီမည်စိုး၍ ဖိနပ်ကိုပင် သေချာမဝတ်ခဲ့ရပေ။ ခြေချောင်းများကို ဖိနပ်ဝတွင် တေ့ရုံတေ့ထားသည့် အနေအထားနှင့်ဖြစ်ကာ ခြေဖနောင့်ကတော့ ဖိနပ်နောက်ပိတ်ကို နင်းထားခဲ့ပြီး လှေကားပေါ်မှ ဆင်းလာခဲ့မှသာ ဖိနပ်နှင့်ခြေထောက်က အံ့ဝင်ခွင်ကျဖြစ်သွားခဲ့သည်။ သူ(မ)က ဖျင်ကြမ်းနှင့် ချုပ်လုပ်ထားသော လော့ချွင်*ဝတ်စုံကို ဝတ်ဆင်ထားခဲ့ကာ အချောမသတ်ထားသည့် သစ်သားဆံထိုးတစ်ချောင်းကလည်း ရိုးရှင်းလှသော ဆံထုံးပေါ််၌ နေရာယူထားသည်။ သူ(မ)မျက်နှာက ဖြူဖျော့နေကာ ခြေလှမ်းများက တည်ငြိမ်ခြင်းမရှိသော်လည်း ထိုအရာများက သူ(မ)၏အလှတရားအား သက်ရောက်ခြင်းမရှိပေ။ သူ(မ)က ရှိရင်းစွဲ သဘာဝအတိုင်းကို လှပနေဆဲပင်ဖြစ်၏။

(TN- ချွင်ဝတ်စုံတွေကို ထန်မင်းဆက်အစောပိုင်းမှာ ပုံစံအမျိုးမျိုး တီထွင်ဖန်တီးပြီး ဝတ်ခဲ့ကြပါတယ်။ ချွင်တစ်လုံးထဲဆို စကပ်ရှည်ပဲဆိုတော့ လော့ချွင်ဆိုတာ ရာနဲ့ချီတဲ့ ချွင်ဝတ်စုံတွေထဲက တစ်ခုဖြစ်မယ်ထင်ပါတယ်။)

မက်မွန်သီးလေးTahanan ng mga kuwento. Tumuklas ngayon