Chapter 31 တိမ်တိုက်များကိုဖြိုခွင်းခြင်း (၁)

231 37 0
                                    

လင်းဟယ်၏အသံက ချိုမြိန်သာယာကာ နားဝင်ပီယံရှိလှပြီး သီဆိုနေသော သားချော့တေး၏ နူးညံ့လှသော ဖွဲ့နွဲ့မှုတေးသံလေးက ကြားလိုက်ရသူများအား စိတ်အေးချမ်းသာစေသည်ပင်။ ချန်ကျစ်ချီးသည်လည်း သားချော့တေး၏ ဆွဲငင်မှုကြောင့် လောကကြီးအား တဖြည်းဖြည်းနှင့် မေ့မြောသွားတော့သည်။ အိပ်ချင်မူးတူးဖြစ်နေရင်းမှ သူ့ဦးနှောက်ထဲတွင် သားချော့တေးထဲမှ ကလေးလေးက မည်သည့်အကြောင်းကြောင့် သစ်ကိုင်းပေါ်တွင်အိပ်ပြီး ချောက်ကမ်းပါများပေါ်၌ ပျံဝဲနေရသနည်းဟု တွေးလိုက်မိသော်လည်း အဖြေထွက်သည်အထိ ဆက်မစဉ်းစားနိုင်တော့ဘဲ အိပ်မောကျသွားခဲ့သည်။

သူ့အိမ်မက်ထဲတွင်တော့ သူ့ကျောနောက်မှ အတောင်ပံတစ်စုံက ပေါ်ထွက်လာခဲ့ပြီး သူက ပျော်ရွှင်စွာဖြင့် အံ့မခန်းလှပသော ရှုမျှော်ခင်းများကို ကြည်ရှု့ရန်အတွက် လေတသုန်သုန် တိုက်ခတ်နေပါသော တောင်ကမ်းပါးယံများထိ ပျံသန်းသွားခဲ့သည်။ ထို့နောက်တွင်တော့ ရုတ်တရက်ဆိုသလို နွေးထွေးမှုတစ်ခုက သူ့ရင်ခေါင်းအား လာဖိသည်ကို ခံစားလိုက်ရသည်။ ထိုအသက်ရှုမဝသည့် ခံစားချက်ကြီးက ဆိုးဝါးလွန်းသဖြင့် ချန်ကျစ်ချီးမှာ သူ့အတောင်ပံများအား အားကုန်ခတ်လိုက်ကာ တောင်တန်းကြီးကို ကျော်ဖြတ်သွားသည်အထိ ပျံသန်းရန်အတွက် ကြိုးစားလိုက်သော်လည်း အတောင်ပံများက သူ့စကားအား နားမထောင်ကြတော့ဘဲ သူ့တစ်ကိုယ်လုံးက မြေပြင်ပေါ်သို့ ပြန်ပြုတ်ကျလာလေသည်။

"အား..."

ချန်ကျစ်ချီးက ထိတ်လန့်စွာဖြင့် လန့်နိုးသွားခဲ့ပြီး သတိပြန်မဝင်သေးသဖြင့် သူ့မျက်စိရှေ့မှ နေရာလွတ်ကြီးကို စိုက်ကြည့်နေလိုက်သည်။ ထို့နောက်တွင်တော့ သူကနိုးကြားသွားခဲ့ပြီး လက်ကိုမြှောက်ကာ မျက်လုံးလေးများကို ပွတ်သပ်လိုက်သည်။ ပြတင်းပေါက်မှ တစ်စွန်းတစဝင်ရောက်နေသော အရုဏ်ဦး၏ နေရောင်ခြည်များက အိပ်ရာခင်းအပေါ်မှ ကျောက်စိမ်းဖျာချပ်အား ထိတွေ့နေခဲ့ပြီး အိပ်ရာတစ်ခုလုံးအား ညင်သာစွာလင်းလက်သော အလင်းရောင်များဖြင့် တောက်ပ‌နေစေသည်။ သို့သော်လည်း တစ်စုံတစ်ခုက ပျောက်ဆုံးနေသေးသည်ဟု ချန်ကျစ်ချီးမှာ ခံစားနေရသေးသည်။ ထိုအခိုက်အတန့်တွင် မနေ့ကဖြစ်ခဲ့သော ကိစ္စရပ်များက သူ့မှတ်ဉာဏ်ထဲတွင် အစီအရီပင် ပေါ်လာခဲ့ကြသည်။ ချန်ကျစ်ချီးမှာ မျက်မှောင်ကြုတ်သွားပြီး ဇာမဏီဧကရာဇ်၏ ဆက်ခံသူသမ်းယီးတစ်ယောက် မည်သည့်နေရာသို့ ရောက်နေသနည်းဟု ရှာဖွေလိုက်သည်။

Has llegado al final de las partes publicadas.

⏰ Última actualización: 6 days ago ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

မက်မွန်သီးလေးDonde viven las historias. Descúbrelo ahora