ဧကရာဇ်နှင့်မတွေ့ဆုံမီ တစ်ရက်အလိုတွင် ကုန်းကုန်းအိုကြီးက ရောက်ရှိလာခဲ့ပြီး ညွှန်ကြားချက်တချို့ပေးကာ နောက်နေ့မနက် ဧကရာဇ်နှင့်တွေ့ဆုံချိန်၌ ဝတ်ဆင်ကြရန်အတွက် ချင်းပင်းနန်းဆောင်မှ အမျိုးသမီးများနှင့် ကလေးငယ်များအတွက် ဝတ်ရုံတချို့ကို ခွဲဝေပေးလာခဲ့သည်။
နဂါးကျောက်မှ ခွဲခြားပေးမှုအရ ဤကလေးငါးယောက်က ဧကရာဇ်မင်းကြီး၏ သွေးသားရင်းချာများဖြစ်ကြောင်း အတည်ပြုပြီးသွားသဖြင့် တော်ဝင်မိသားစုကလည်း သူတို့လေးများကို မင်းညီမင်းသားများအဖြစ် အသိအမှတ်ပြုရန် ပြင်ဆင်ထားပြီးဖြစ်သည်။ ထို့ကြောင့်ပင် ချန်ကျစ်ချီးသည်လည်း သူ့အရွယ်အလိုက် ပြင်ဆင်ပေးထားသော တော်ဝင်မင်းသားဝတ်ရုံအား လက်ခံရရှိလိုက်သည်။
တော်ဝင်မင်းသားများ ဝတ်စားဆင်ယင်ရမည့် စံသတ်မှတ်ထားသော အဝတ်အစားများ၏ ပုံစံနှင့်အရောင်က အဝါရောင်လက်ကျယ်ဝတ်ရုံပင်။ သို့သော်ငြား ချန်ကျစ်ချီးအပါအဝင် ကလေးအကုန်လုံးက ငယ်ရွယ်နေသေးသည်ဖြစ်ရာ မိမိတို့ဝတ်ဆင်ထားသော လက်ကျယ်ဝတ်ရုံစများကို ပြန်ခလုတ်တိုက်နိုင်သဖြင့် ထိုအကြောင်းကိုပါ ထည့်သွင်းစဉ်းစားပြီးနောက် မင်းသားဝတ်ရုံ၏ လက်အနားစများကို အနည်းငယ်ကျဉ်းအောင် ချုပ်လုပ်ထားပေးသည်။ မင်းသားဝတ်ရုံက ကိုယ်ထည်ပေါ်တွင် မိုးကြိုးသွားများပုံစံ ရေးထိုးထားသော အနောက်ရောင် ပိုးသားခါးပတ်စနှင့် တွဲဝတ်ရသည်ဖြစ်ပြီး ဧကရာဇ်နှင့် တွေ့ဆုံချိန်တွင် ဧကရာဇ်က ထိုပိုးသားခါးပတ်အား ကျောက်စိမ်းခါးပတ်အဖြစ် ချီးမြှင့်လိမ့်မည်ဖြစ်ကာ ထိုအခါမှသာ ပြောင်းလဲဝတ်ဆင်နိုင်ပေမည်။
ချန်အယ်သည်လည်း တန်ဖိုးကြီးမားသော ဝတ်စုံအချို့အား လက်ခံရရှိခဲ့သည်။ ရွေးချယ်စရာအနေနှင့် အရောင်သုံးရောင်ရှိပေသည်။ အဝါတောက်တောက်၊ ပန်းရောင်ဖျော့ဖျော့နှင့် ဆွတ်ဆွတ်ဖြူနေသော အဖြူရောင်ဝတ်စုံတို့ဖြစ်သည်။
"ဒီအဝတ်တွေက အကုန်လုံးကြည့်ကောင်းတယ်။ ငါဘယ်ဟာကို ဝတ်ဖို့ရွေးသင့်လဲ။"
ချန်အယ်က သူ(မ)သားအမြင်ကို မေးမြန်းလိုက်သည်။ ချန်ကျစ်ချီးက သူ့ကြက်ပေါက်စနှင့် ဆော့နေခဲ့သော်လည်း ချန်အယ်က ဆုံးဖြတ်ရန်အတွက် သူ့အမြင်ကိုသိချင်သဖြင့် အနားခေါ်ထားလိုက်ခြင်းဖြစ်သည်။
YOU ARE READING
မက်မွန်သီးလေး
Romanceနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...