အိမ်ရှေ့စံမင်းသားမှာ ပါးရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူ့မျက်နှာအမူအရာက တောင့်တင်းနေပြီး သမ်းယီး၏ ဗြောင်ကျလှသော ငြင်းဆန်မှုအပြီးတွင် ခံစားလိုက်ရသော အရှက်ရမှုကြီးအား မည်သည့်စကားကိုသုံး၍ ဖာထေးရမည်ကို မနည်းစဉ်းစားလိုက်ရသည်။
"ရှစ်ကျီအတွက် အရှေ့နန်းဆောင်မှာ တည်းခိုဖို့က အဆင်မပြေဘူးလား။ ကျွန်တော်ကြားဖူးတာက မျိုးဆက်တိုင်းရဲ့ ဇာမဏီဧကရာဇ်တွေက သမ်းယန်နတ်ဘုရားသိုင်းကို ဟိုးငယ်ငယ်လေးကတည်းက လေ့ကျင့်ခဲ့ကြတာတဲ့။ ရှစ်ကျီလေ့ကျင့်တာ ဘယ်အထိခရီးပေါက်ပြီလဲလို့ မေးလို့ရမလား။"
အိမ်ရှေ့စံမင်းသားက ဤသို့သောစကားကို ပြောလိုက်ရသည့် ရည်ရွယ်ချက်မှာ သမ်းယီး၏ အရှေ့နန်းဆောင်တွင် မတည်းခိုချင်ရသည့် အဓိကအကြောင်းအရင်းက သူလေ့ကျင့်နေသော သိုင်းပညာနှင့် သူ၏စစ်မှန်သော ကျင့်ကြံမှုအဆင့်အား အခြားသူများ မသိရှိစေရန်အတွက် ဖုံးကွယ်ထားချင်သောကြောင့်ဟု အဓိပ္ပာယ်ရောက်သွားစေရန် ဆိုလိုလိုက်ခြင်းဖြစ်သည်။
သူက ပြန်ဖြေလာမည်ကို အချိန်တချို့ကြာအောင် စောင့်လိုက်သော်လည်း သမ်းယီးကတော့ သူ့မေးခွန်းများကို မကြားလိုက်သည့်အလား ချယ်ရီသီးပန်းကန်ကိုသာ လက်လှမ်းနေချေသည်။ သူက လုံးဝိုင်းသော ချယ်ရီသီးများကို ဂရုတစိုက်ဖြင့် ရွေးချယ်ပြီးနောက် ပါးစပ်ထဲသို့ထည့်ကာ တဖောက်ဖောက်နှင့် ဝါးစားလို့နေသည်။ အိမ်ရှေ့စံမင်းသား၏ မျက်နှာတစ်ခုလုံးမှာ ဒေါသထွက်သွားသဖြင့် မီးဖုတ်ထားသော ခရမ်းသီးနှယ် ရှုံ့တွသွားတော့သည်။
လန်ရှန်းယွီက ခါးကိုကိုင်းလိုက်ပြီး သမ်းယီးတစ်ယောက် ချယ်ရီသီးများကိုသာ စားမနေစေရန် သူအကြိုက်တွေ့လောက်မည့် စားစရာများကို ပန်းကန်အပြည့် ထည့်လာပေးပြီးနောက် သူ့အရှေ့တွင် နေရာချပေးလိုက်သည်။ သူက အသုံးပြုရန် တူတစ်စုံကိုပါ ပန်းကန်နားတွင် ပြင်ပေးလိုက်ပြီး အိမ်ရှေ့စံမင်းသားကို ပြုံးပြလိုက်လေသည်။
"အရှင့်သား အရှင့်သားမေးလိုက်တာက ကောင်းကင်အဆင့် မေးခွန်းပါ။ အကယ်၍များ အရှင့်သားအနေနဲ့ အဖြေကိုသိချင်ရင် စောစောတုန်းက လက်ခံရရှိထားတဲ့ မေးခွန်းသစ်ပြားငယ်တွေနဲ့ လဲလှယ်လို့ရပါတယ်။"
DU LIEST GERADE
မက်မွန်သီးလေး
Romantikနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...