"ချန်ချီးအဖေက မကြာခင်မှာ ကျွန်မတို့ကို လာခေါ်လိမ့်မယ်။ သခင်လေးကျန်း ကျေးဇူးပြုပြီး နောက်ပြောင်မနေပါနဲ့။"
ချန်အယ်မှာတော့ ဒေါသထွက်လွန်းသဖြင့် စိတ်ထိန်းထားသော စကားသံကပင် ပြတ်တောင်းပြတ်တောင်း ဖြစ်နေခဲ့သည်။
"မင်းကို ပွင့်ပွင့်လင်းလင်း ပြောပြရမယ်ဆိုရင် ကျုပ်အခုဒီကိုရောက်နေတာ ကျန်းအန်းဂိုဏ်းမှာ တပည့်အသစ်တွေ လက်ခံမှာမို့ပဲ။ မင်းသာကျုပ်ကို လက်ခံမယ်ဆိုရင် ချန်ချီးကို ပင်မတပည့်ဖြစ်လာဖို့ ကျုပ်အာမခံတယ်။"
ကျန်းယို့သယ်၏ မိမိကိုယ်ကို ယုံကြည်မှုပြည့်နေသော လေသံကျယ်က ချန်အယ့်နားထဲသို့ ကိုးလိုးကန့်လန့်ကြီး ဝင်ရောက်သွားခဲ့သည်။ သူ့စကားများက ကတိပေးနေသည်ဟု ထင်ရသော်လည်း ဖုံးကွယ်ထားသော ခြိမ်းခြောက်မှုတချို့ ပါဝင်နေခဲ့သည်။ သူစကားအရဆိုလျှင် သူ့ကမ်းလှမ်းချက်အား ချန်အယ့်ဘက်မှ လက်မခံပါက ချန်ချီးအနေနှင့် ကျန်းအန်းဂိုဏ်းကို ဝင်ခွင့်ရရန်အား မေ့ထားလိုက်တော့ဟု ဆိုလိုခြင်းဖြစ်သည်။ ရိုးရိုးတပည့်မပြောနှင့် ဂိုဏ်း၏အဆင့်အနိမ့်ဆုံး လုပ်သားတပည့် နေရာများကပင် သူ့ကိုလက်ခံမည်မဟုတ်ပေ။ ချန်အယ်က လက်သီးဆုပ်လိုက်ကာ အိမ်ခန်းဝနားတွင် ရပ်ကြည့်နေသော ယောင်းမဖြစ်သူကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ(မ)အကြည့်များကို အရှေ့တွင်ရပ်နေသော ရမ်းကားလှသည့် တတိယတပည့်ဆိုသူထံ ရွေ့လျားစေလိုက်သည်။
"ကျွန်မကိုယူမယ်ပေါ့လေ။ ရှင့်ဆီမှာ ဒီလိုအတွေးတွေရှိနေရင် တတိယသခင်လေး ရှင့်ဂိုဏ်းကိုပြန်ပြီး ကိုယ့်ဆရာကို ပြန်မေးကြည့်သင့်တယ်နော်။ သူက ကျွန်မနဲ့ရှင့်ကို ယူခိုင်းရဲသလားလို့လေ။ ဟိုနှစ်တွေတုန်းက အထက်တန်းလွှာက လူကြီးမင်းဆီ ခစားဖို့အတွက် ကျွန်မကိုလွှတ်လိုက်တာက ဘယ်သူလဲလို့ မေးကြည့်လိုက်ဦး။ အဲ့ဒီလူကြီးမင်းသာ ပြန်လာပြီးတော့ သူ့သားဘယ်မှာလဲလို့ မေးတဲ့အခါကျရင် ရှင်တို့တွေထဲက ဘယ်သူကများ တာဝန်ယူရဲမလဲလို့။"
ချန်အယ်က ဒေါသထွက်နေသဖြင့် အော်ဂစ်လိုက်သံက ပြင်းထန်လှသည်။ ဤစူးရှသော ရာဇသံက သူ့ဟာနှင့်သူတော့ အလုပ်ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ကျန်းယို့သယ်က ထိတ်လန့်တကြား ဖြစ်သွားခဲ့ပြီးနောက် အတည်ပြုရန်အတွက် အဒေါ်ချန်ကို လှမ်းကြည့်လိုက်သော်လည်း အဒေါ်ချန်က မတ်တတ်ရပ်နေရာမှ ပျောက်ကွယ်သွားပြီဖြစ်၏။
BẠN ĐANG ĐỌC
မက်မွန်သီးလေး
Lãng mạnနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...