ထိုစကားအား ကြားလိုက်ရသည်တွင် ကလေးများအားလုံးက ခေါင်းလှည့်လိုက်ကြကာ ကျန်းမိသားစုမှ ကျန်းသာ့ကျွမ်းကို အကဲခတ်လိုက်ကြသည်။
"မင်းတို့တွေက ဘာလို့ငါ့ကိုလာကြည့်နေတာလဲ။"
သူတို့၏အကြည့်များကို ခံစားမိလိုက်သော ကျန်းသာ့ကျွမ်းက စိတ်ရှုပ်သွားပြီး ပြန်အော်လိုက်သည်။ သူက ချန်ကျားပေါင်နှင့် စကားပြောနေခဲ့သောကြောင့် ချန်ချီးပြောသည်ကို မကြားလိုက်ပေ။ သူ စကားပြောရန် ပါးစပ်ဟလိုက်သည်တွင် သူ့အာခေါင်ထဲမှ အနာဖုများက မျက်စိစူးလောက်စရာ နီရဲနေသည်ကို ထိုင်နေသူအားလုံး မြင်လိုက်ရတော့သည်။ အချို့အနာများက အဖုအဆင့်မှ ပေါက်သွားကြပြီဖြစ်ကာ အဝေးမှကြည့်လိုက်ပါက ကြက်မျက်စိနာများနှင့် ခပ်ဆင်ဆင်ပင် တူလေသည်။
"အားး..."
ကလေးများက ထိုမြင်ကွင်းအား မြင်လိုက်ကြသည်တွင် ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်ကြသည်။ သူတို့က ချန်ချီးကို နားလည်မှုများ၊ အံ့အားသင့်မှုများဖြင့် ဝိုင်းကြည့်လိုက်ကြပြီး ကျန်းသာ့ကျွမ်း၏ အဖြစ်ကိုနမူနာယူကာ နောင်တွင်ကျန်းမိသားစုနှင့် အဆက်အဆံကို နည်းနိုင်သမျှနည်းအောင် နေကြသင့်သည်ဟု တွေးလိုက်ကြသည်။ ကျန်းသာ့ကျွမ်းပါးစပ်မှ အနာဖုများက သူ့အိမ်ရှိအခြားသူများနှင့် နှိုင်ယှဉ်လိုက်ပါက တော်သေးသည်ဟုပင် ဆိုနိုင်ပေသည်။ သူ့အဘွားနှင့်မိခင်တို့၏ အနာများက ပိုမိုအခြေအနေဆိုးကာ တွေ့လိုက်မိသူတိုင်းအား အာရုံစိုက်သွားအောင် ဖန်တီးနေကြသည်။ ရွာငယ်လေးထဲတွင် ကောလဟာလာများက အလျင်အမြန်ပင် ပျံ့နှံ့သွားခဲ့ပြီး တစ်နေမကုန်လိုက်ဘဲ တစ်ရွာလုံးနီးပါး အကြောင်းသိသွားကြသည်။ အစပထမကတော့ လူအများအပြားက အယုံအကြည်မရှိကြပေ။ သို့သော်ငြား ကျန်းမိသားစု၏ အနာဖုများကို တွေ့လိုက်မိသည်နှင့် စကားမပြောခင် နှစ်ခါပြန်စဉ်းစားသွားကြရသည်။ ကောလာဟလများက ဟုတ်မှန်သည်ဖြစ်စေ မဟုတ်မှန်သည်ဖြစ်စေ သတိထားပါက ပိုကောင်းသည်လေ။ ရလဒ်အနေနှင့် ရွာထဲရှိလူအများမှာ အချိန်အတန်ကြာအောင် အပြောအဆိုများ ဆင်ခြင်သွားကြသည်။
BINABASA MO ANG
မက်မွန်သီးလေး
Romanceနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...