Chapter 17 သက်သတ်လွတ်စားရမယ် (၁)/သက္သတ္လြတ္စားရမယ္ (၁)

489 80 4
                                    

"မိန်းမယုတ်။"

ဧကရာဇ်ကျန်းလုံက လီဖျင်အား နာမည်မတပ်တော့ဘဲ တိုက်ရိုက်ဆဲဆိုကာ ကြိမ်းမောင်းလိုက်သည်။ ချန်ကျစ်ချီးလေး ပြောပြလာသော စကားများကြောင့် သူ၏ပြန့်ကျဲသွားသော အာရုံများကို ပြန်လည်စုဝေးပြီးသွားသည်တွင် သူ့ရင်ထဲ၌ ဒေါသများသာ ကျန်ရစ်နေခဲ့တော့သည်။

အနောက်နန်းဆောင်မှ ကိုယ်လုပ်တော်တစ်ယောက်က ကလေးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ရဲသည့်အပြင် ပိုဆိုးသည်မှာ ထိုသို့ခံစားခဲ့ရသော ကလေးငယ်က အခြားသူမဟုတ်သည့် သူဆိုသော ဧကရာဇ်ကျန်းလုံ၏ သွေးသားရင်းချာဖြစ်သော မင်းသားငယ်တစ်ပါးပင်။ သူ၏ကိုယ်လုပ်တော်က သူ့သားတော်ငယ်အား မတော်မတရား ပြုမူလိုက်သည့်အကြောင်းကို သက်သေနှင့်တကွ မျက်မြင်တွေ့လိုက်ရသဖြင့် ဧကရာဇ်ကျန်းလုံမှာ အမျက်ထောင်းထောင်း ထသွားခဲ့သည်မှာ ထုတ်ပြောစရာပင် မလိုတော့ချေ။

သက်တော်အရ ဆယ့်သုံးနှစ်ရှိပြီဖြစ်သော မင်းသား (၃) မှာ ချန်ကျစ်ချီးကြုံလာရသော ပြဿနာအတိမ်အနက်အား နားလည်လောက်သည်အထိ ရင့်ကျက်နေပြီဖြစ်ရာ သူက သူ့နံဘေးတွင် မတ်တတ်ရပ်နေသော မင်းသား (၂) ၏ဝမ်းဗိုက်ကို တံတောင်ဖြင့်တွတ်ပြီး ပြောလိုက်သည်။

"ဒီလိုလုပ်တာကတော့ အရမ်းကို နိမ့်ကျသွားပြီနော်။ ငါဖြင့် ဒီလောက်အထိ အခြေအနေဆိုးနေတာမျိုး တစ်ခါမှကို မမြင်ဖူးဘူး။"

မင်းသား (၂) က ဧကရီမှ‌မွေးသော သားတော်ဖြစ်ကာ သူ့ပုံစံကလည်း သူ့မယ်တော်နှင့် ခပ်ဆင်ဆင်တူလေပြီး သန့်စင်တည်ကြည်သော စာပေသမားတစ်ယောက်ဟန် ပေါက်လေသည်။ သူက မင်းသား (၃) နှင့်အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် တစ်ချက်ပြုံးလိုက်သော်လည်း ဘာမှတ်ချက်မှတော့ မချလိုက်ပေ။

"ခမည်းတော်ဘုရား စိတ်အေးအေးထားပါ။ ဒီကိစ္စက တစ်နေရာရာမှာ လွဲမှားနေတာမျိုး ဖြစ်ပါလိမ့်မယ်။"

အကြီးဆုံးမင်းသားက ဧကရာဇ်ကျန်းလုံကို နားချလိုက်သည်။ သို့သော်လည်း သူ့မျက်နှာနှင့် နားရွက်ဖျားများက ရှက်ရွံ့မှုကြောင့် ရဲရဲနီနေကြသည်။ သူက တုံဆိုင်းနေခဲ့ပြီး တစ်ခုခုပြောသင့် မပြောသင့်ကို အချိန်အတန်ကြာ စဉ်းစားလိုက်ပြီးမှ ဝင်ပြောလိုက်ခြင်းဖြစ်သည်။ အကြီးဆုံးမင်းသားက ကွေ့ဖေးမယ်မယ်၏ သားတော်ဖြစ်ကာ သူ့မယ်တော်က အစောပိုင်း၌ ချန်ကျဲယွီနှင့် ချန်ကျစ်ချီးအား တော်ဝင်ဥယျာဥ်‌တော်သို့ ခေါ်တွေ့ဖြစ်ကြောင်းကို သိရှိထားခဲ့သည်။

မက်မွန်သီးလေးWhere stories live. Discover now