"ဧည့်သည်တော်တွေလည်း အားလုံးရောက်ပြီဆိုတော့ အခမ်းအနားကို စကြတာပေါ့။"
ဧကရာဇ်ကျန်းလုံက ယဉ်ယဉ်ကျေးကျေးပင် ချောင်းဟန့်လိုက်ပြီး အားလုံး၏အတွေးများကို ရပ်တန့်လိုက်ကာ ဆက်မပြောနိုင်တော့သည့် အနှီစကားဝိုင်းအား ဖျက်သိမ်းလိုက်လေသည်။ သူက ဧည့်သည်များကို ထိုက်ကျိနန်းဆောင်၏ ပင်မခန်းမဆီသို့ လမ်းပြခေါ်ဆောင်ကာ အခမ်းအနားကို ရှုစားနိုင်ရန်အတွက် ပြင်ဆင်ထားသည့် ထိုင်ခုံနေရာများကို ပြသပေးလိုက်သည်။
အိမ်ရှေ့စံမင်းသား၏ အရိုက်အရာအပ်နှင်းသော အခမ်းအနားက တကယ်တမ်းတွင်တော့ မရှုပ်ထွေးချေ။ ချန်ကျစ်မော့က မနက်ခင်းကတည်းကပင် တော်ဝင်ဘိုးဘေးခန်းမှ ကမ္ဗည်းတိုင်များကို ရှိခိုးကန်တော့ခဲ့ပြီး ကျန်ရှိနေသည်မှာ သူ့အား တရားဝင်် ရာထူးအပ်နှင်းသော တော်ဝင်အမိန့်စာကို အမိန့်တော်ပြန်ရန်ဖြစ်ကာ သူ့ဂုဏ်ပုဒ်အား လုံးဝသေချာစေမည့် အိမ်ရှေ့စံဦးဆောင်းတန်ဆာ*ကို လက်ခံရန်ဖြစ်သည်။
(ဒီဟာကတော့ တိတိကျကျ စာလုံးတော့မရှိပါဘူး။ တရုတ်လိုဆို 'guan' လို့ခေါ်ပြီးတော့ ဆံပင်ကိုစည်းပြီးထုံးပြီးရင် စွပ်လေ့ရှိတဲ့ တန်ဆာတစ်မျိုးပါ။ မျက်စိထဲမြင်အောင် ပြောရရင် ဝမ်ရိပေါ်ရဲ့ လန့်ဝမ့်ကျီးဇာတ်ကောင်မှာ ဝတ်ထားတဲ့အမောက်ပါ။ တရုတ်မှာတော့ မင်းညီမင်းသားတွေရဲ့ Guan ကိုကြည့်ပြီး ဘယ်အဆင့်က မင်းသားလဲဆိုတာ သိနိုင်ပါတယ်။)
ချန်ကျစ်ချီးက ခန်းမအလယ်တွင် ဒူးထောက်လျက်မှ ဧကရာဇ်ကျန်းလုံက အိမ်ရှေ့စံမင်းသားအား ရွှေနဂါးတစ်ကောင်၏ပုံရိပ်ကို ထွင်းထုထားသော ဦးဆောင်းတန်ဆာအား ကိုယ်တိုင်ကိုယ်ကျ ဝတ်ဆင်ပေးနေသည်ကို မော့ကြည့်နေခဲ့သည်။ အိမ်ရှေ့စံမင်းသားက သက်တော်ဆယ့်ခြောက်နှစ်သာ ရှိသေးသဖြင့် ပုံမှန်အတိုင်းဆို ဦးဆောင်းတန်ဆာကို ဝတ်ဆင်ရန်အတွက် အချိန်မကျသေးချေ။ သို့သော်လည်း အိမ်ရှေ့စံအဖြစ် အပ်နှင်းခံရကတည်းက သူ့အား လူကြီးတစ်ယောက်အဖြစ် သတ်မှတ်လိုက်ပြီဖြစ်ကာ ကျန်သောနေ့ရက်များတွင် သူ့ထက်အဆင့်နိမ့်သော လူများအားလုံးက သူ့အမိန့်အတိုင်း တသွေမတိမ်းလိုက်နာကာ ဆောင်ရွက်ကြတော့မည်ဖြစ်ပြီး သူ့ဆုံးဖြတ်ချက်များ၏ အကျိုးဆက်များကိုလည်း သူကိုယ်တိုင်သာ ရင်ဆိုင်ရတော့မည်ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ထံတွင် ထိုဦးဆောင်းတန်ဆာအား ဝတ်ခွင့်ရှိပေသည်။
ВЫ ЧИТАЕТЕ
မက်မွန်သီးလေး
Любовные романыနွေလယ်ခေါင်တွင်ဖြစ်၏။ ရွှေဉာဏ်တော််စူးရောက်လှသော ဧကရာဇ်မင်းကြီးက ရှေးဟောင်းအခမ်းအနားတစ်ခုကို ကျင်းပမည်ဟုဆိုကာ သားတော်များကိုစုဝေးစေပြီး အရွယ်မရောက်တစ်ရောက် မင်းသားပေါက်စတစ်အုပ်အား ခံတွင်းထဲ၌ မက်မွန်သီးများငုံ၍ ဘုံကျောင်း၌ ညအိပ်စေသည်။ ချန်ကျစ်ချီးက ရ...