Chapter 20 အခမ်းအနား (၂)/အခမ္းအနား (၂)

523 74 1
                                    

နံရံပေါ်ရှိရုပ်တုက နဂါးနှင်ဇာမဏီတို့ တိမ််ယံများအကြားတွင် လူးလွန့်ပျံသန်းနေဟန် ထုလုပ်ထားခြင်းဖြစ်ကာ နွေးထွေးသော ဖယောင်းတိုင်မီးအောက်တွင် လက်ရာမြောက်စွာဖြင့် တည်ရှိနေသော်လည်း အဆုံးသတ်တွင်တော့ ဒီအတိုင်း ရိုးရိုး နဂါးနှင့်ဇာမဏီပုံ ရုပ်တုကြီးပင်ဖြစ်ချေ၏။ ဧကရာဇ်ကျန်းလုံနှင့် အမတ်မင်းများက အရင်တစ်ခေါက်ကအတိုင်း ကျန်းဟွာအဆောင်အောက်တွင် စိတ်လှုပ်ရှားစွာဖြင့် စောင့်ဆိုင်းနေခဲ့ကြသည်။

ယမန်နှစ်တုန်းက ပြုလုပ်ခဲ့သော နွေလယ်အခမ်းအနားတွင် နတ်ဘုရားအရှင်က မဆင်းသက်လာခဲ့ပေ။ ထို့ကြောင့်ပင် ဧကရာဇ်ကျန်းလုံမှာ သူနန်းသက်တစ်လျှောက် ချထားခဲ့သော မျိုးစေ့များကို ပြန်ခြေရာခံကာ နန်းတော်ပြင်ပမှ သူ့မျိုးဆက်သွေးသားများကို လိုက်လံခေါ်ဆောင်ခဲ့ရသည်။ သူက သူ့မျိုးဆက်အကုန်လုံးကို ရှာတွေ့သည်ဟူ၍ မသေချာသော်လည်း ဒီတစ်ခါပြုလုပ်သော အခမ်းအနားကိုတော့ အောင်အောင်မြင်မြင် ပြီးဆုံးစေချင်သည်။

တော်ဝင်မိသားစု၏စွမ်းအားများမှာ အချိန်တချို့ကြာအောင် နိမ့်ကျနေပြီဖြစ်ကာ အကယ်၍ နတ်ဘုရားအရှင်ကသာ သူတို့အားလုံးကို ကိုယ်ထင်ပြရန် ဆန္ဒမရှိပါက သူ့နောက်တွင်နန်းတက်မည့် ဧကရာဇ်အသစ်မှာ ယခုထက်ပိုမိုကြီးမားသော အခက်အခဲများကို ရင်ဆိုင်ရမည်ဖြစ်သည်။ ပုရောဟိတ်ကြီးက ကျန်းဟွာအဆောင်၏ ဗဟိုချက်တွင်ရပ်ကာ ဘုံကျောင်းထဲမှ အခြေအနေများကို အကဲခတ်လိုက်သည်။

၁၅ မိနစ်ခန့် ကြာသွားပြီးနောက်တွင် ဘုံကျောင်းအတွင်းမှ ဖယောင်းတိုင်များအားလုံး မီးငြိမ်းသွားခဲ့ကာ တစ်ချိန်တည်းမှာပင် ကျန်းဟွာအဆောင်တစ်ခုလုံးကို တောက်ပလှသော အဖြူရောင်အလင်းတန်းများက လွှမ်းခြုံသွားခဲ့သည်။ ထိုအခိုက်အတန့်မှာပင် နဂါးကျောက်အတွင်းမှ အလင်းတန်းများ ထိုးထွက်လာခဲ့ပြီး နဂါးကျောက်ပေါ်မှ အမှတ်အသားများသည်လည်း ရွှေရောင်အလင်းများဖြင့် ပြည့်နှက်သွားလေသည်။ အမှတ်အသားများကို ကြည့်ရှုလိုက်ပါက အလယ်ဗဟိုတွင် ပျံသန်းနေသော ရွှေရောင်ဇာမဏီနှင့် ကျောက်ပြားအစွန်းကို ပတ်‌ခွေနေသည့် ရွှေရောင်နဂါးတို့၏ ဆန်းကြယ်သောပုံရိပ်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုပုံရိပ်က အလွန်ကိုပင် အသေးစိတ်ကျလှပြီး ဇာမဏီငှက်၏ကိုယ်ပေါ်မှ ငှက်မွေးများကိုပင် ရှင်းလင်းပြတ်သားစွာ မြင်နိုင်ပေသည်။

မက်မွန်သီးလေးOù les histoires vivent. Découvrez maintenant