Chapter 11 သမ်းယီး (၁)/သမ္းယီး (၁)

555 101 0
                                    

အခုလေးတင် သူငှဲ့ထားခဲ့သော လက်ဖက်ရည်က သောက်မရတော့ပေ။ လက်ဖက်ရည်ခွက်ဆီ ခေါင်းစိုက်ထားသော အမွေးနီကြက်ပေါက်၏ ထောင်နေသောဖင်အား တွေ့လိုက်ရသည်တွင် ချန်ကျစ်ချီး၏လက်များက လှုပ်ရှားသွားခဲ့ပြီး ကလဲ့စားချေသည့်အနေနှင့် ထိုကြက်ဖင်လုံးလုံးလေးကို တောက်ထည့်လိုက်သည်။

"ပကျိ။"

ပတ်ဝန်းကျင်နှင့် မိမိကိုယ်ကိုမေ့ပြီး စားသောက်နေခဲ့သော သတ္တဝါလေးမှာ ရုတ်တရက်ဆန်ဆန် ကြုံတွေ့လိုက်ရသည့် ကိုယ်ထိလက်ရောက် ကျူးလွန်မှုကြီးကြောင့် သူ့အတောင်ပံတိုလေးများကို ဖြန့်ကားလိုက်ပြီး ဖင်လုံးလေးအား ကာကွယ်ရန်ကြိုးစားလိုက်သည်။ သို့သော်လည်း ကံမကောင်းအကြောင်းမလှဘဲ သူ့အတောင်ပံလေးက အမှန်တကယ်တိုနေသဖြင့် ဘာဆိုဘာမှကို မကာကွယ်နိုင်လိုက်ပေ။ အရှက်ရခြင်းများကို စိတ်ဆိုးခြင်းနှင့် ပေါင်းစပ်လိုက်ပြီးနောက် သူလုပ်နိုင်သည်က ချန်ကျစ်ချီးအား ပြန်အော်ခြင်းသာ။

'မလောက်လေးမလောက်စား။ မင်းကများ ဟော့ဒီပန်ကျိုး*ရဲ့ဖင်ကို လာတောက်ရဲတယ်ပေါ့လေ။ မင်းကြည့်ရတာ အိမ်ရှေ့စံမဖြစ်ချင်တော့ဘူးထင်ပါ့။'

(ပန်ကျိုး* - ဒီအရှင်။ သူကတော့ မသေမျိုးတွေ နတ်ဘုရားတွေလို ကြီးကျယ်မြင့်မြတ်သူတွေ ကိုယ့်ကိုယ်ကိုယ်ရည်ညွှန်းရင် သုံးကြတာမျိုးပါ။)

ချန်ကျစ်ချီးကတော့ ထိုသတ္တဝါလေး၏ သတိပေးစကားများကို လုံးဝမသိပါချေ။ သူက အစာဝသွားပြီဖြစ်သော ကြက်ဝလေးအား ကောက်ယူလိုက်ပြီးနောက် အိပ်ရာဝင်ရန် အသင့်ပြင်လိုက်သည်။ ချင်းပင်းနန်းဆောင်တွင် နေရာလွတ်နေသော အဆောင်ငယ်များစွာ ရှိနေသည်။ နန်းဆောင်၏ ရည်ရွက်ချက်ကိုက အဆင့်မသတ်မှတ်ရသေးသော ကိုယ်လုပ်တော်များကို ထားရှိရန်ဖြစ်သဖြင့် စတင်တည်ဆောက်ကတည်းက လူအများအပြားဝင်ဆံ့ရန် အစီအစဉ်ချပြီးမှ ဆောက်လုပ်ထားခြင်းဖြစ်၏။ ချန်အယ်နှင့်ချန်ကျစ်ချီးအား နေရာချထားပေးသော အဆောင်ငယ်က အခန်းလွတ်များပါသည့် အတော်အတန်ကြီးသော အဆောင်ပင်ဖြစ်ရာ ချန်ကျစ်ချီးမှာ ယခုအခါမှသာ သူ့ဘဝတစ်လျှောက်တွင် ပထမဆုံးအကြိမ်အဖြစ် သူတစ်ယောက်တည်း သီးသန့်အသုံးပြုနိုင်သည့် ကိုယ်ပိုင်အခန်းနှင့် နေရခြင်းဖြစ်သည်။

မက်မွန်သီးလေးNơi câu chuyện tồn tại. Hãy khám phá bây giờ