Chapter 15 ဆွဲညှစ်ချင်လို့ပါ (၁)/ဆြဲညႇစ္ခ်င္လို႔ပါ (၁)

600 82 0
                                    

အနောက်နန်းဆောင်တွင် အဆင့်သတ်မှတ်ပေးခြင်းက တစ်စုံတစ်ယောက်၏ မိသားစုနောက်ခံနှင့်လည်း သက်ဆိုင်မှုရှိပေသည်။ ဤအချိန်ကာလတွင် သိုင်းပညာရှင်များက အထက်တန်းလွှာများဖြစ်ကြကာ အကြောင်းအရင်းကတော့ အခြားသူများနှင့် နှိုင်းယှဉ်လိုက်ပါက ဘက်ပေါင်းစုံ၌ သာလွန်နေကြသော လွမ်းမိုးနိုင်စွမ်းကြောင့်ဖြစ်သည်။

အထင်ကရဂိုဏ်းကြီးများကို ဓားမဟာမိတ်အစည်းအရုံးနှင့် ချီကျင့်ကြံသူများအဖွဲ့ချုပ်ဟူ၍ နှစ်ပိုင်းခွဲခြားထားပြီး အနောက်နန်းဆောင်မှ အမျိုးသမီးများကိုလည်း ထိုကဲ့သို့ပင် ခပ်ဆင်ဆင်နည်းလမ်းဖြင့် ခွဲခြားနိုင်ပေသည်။ ဥပမာပြောရလျှင် ဧကရီက ဓားမဟာမိတ်အစည်းအရုံးမှ ခေါင်းဆောင်ဖြစ်သူ၏ သမီးကညာဖြစ်ကာ ကွေ့ဖေးကတော့ ချီကျင့်ကြံသူများအဖွဲ့ချုပ်မှ ခေါင်းဆောင်ဖြစ်သူ၏ မြေးမဖြစ်သည်။

ချန်အယ်ကဲ့သို့ သိုင်းပညာမတတ်သည့်အပြင် မည်သည့်ဂိုဏ်းဝင်မှ မဟုတ်လေသော အမျိုးသမီးက ချက်ချင်းဆိုသလိုပင် ကျဲယွီအဆင့်အထိ မြှောက်စားခံရသော အဖြစ်အပျက်မှာ ရှားပါးလှသည်ဟု သတ်မှတ်နိုင်ပေသည်။

"အာ...ချီကျင့်ကြံသူများအဖွဲ့ချုပ်က ခေါင်းဆောင်ရဲ့ မြေးမလေးတဲ့လား။"

ပိယွီရှင်းပြသည်ကို ကြားလိုက်သည်တွင် ချန်အယ်မှာ သွားကြားထဲမှ လေအေးများအား ရှိုက်သွင်းလိုက်မိသည်။ သူ(မ)အစ်ကိုချန်ရှန် ဝင်ရောက်ခဲ့သော ကျန်းအန်းဂိုဏ်းက တကယ်တမ်းတွင် ကျိယန်ဂိုဏ်း၏ လက်ခွဲဂိုဏ်းလေးသာဖြစ်ကာ ပင်မကျိယန်ဂိုဏ်းက ချီကျင့်ကြံသူများအဖွဲ့ချုပ်၏ အထင်ကရနာမည်ကြီး ဂိုဏ်းကြီးလေးဂိုဏ်းထဲမှ တစ်ဂိုဏ်းဖြစ်သည်။

ထို့ကြောင့်ပင် ချီကျင့်ကြံသူများအဖွဲ့ချုပ်၏ ခေါင်းဆောင်ဖြစ်သူက ဂိုဏ်းကြီးလေးဂိုဏ်း၏ ခေါင်းဆောင်ပါ ဖြစ်သည်ဟူ၍လည်း အဓိပ္ပာယ်ရပေသည်။ ထိုကဲ့သို့သော မိုးကျရွှေကိုယ် နတ်မိမယ်များဖြင့် နှိုင်းယှဉ်လိုက်ပါက ချန်အယ်၏ အဆင့်အတန်းနိမ့်စွာ မွေးဖွားလာမှုက ရင်နာချင်စရာကောင်းအောင် သိသာနေပေသည်။

မက်မွန်သီးလေးNơi câu chuyện tồn tại. Hãy khám phá bây giờ