"ဖွားရေ မားရေ ရှောင်းကျန့်ကိုကြီး ရောက်လာပြီ!!"
"ဟဲ့ အထုတ်တွေ ကူမဆွဲပဲ လှမ်းအော်နေရလား တကယ်ပါပဲ ဒီကလေးဟာလေ မြေး လာ လာ"
ဖွားရှောင်းတို့ကတော့ ကျင်းလင်ကိုဆို အိမ်ထဲကထွက်လာတည်းက မြည်တွန်တောက်တီးကာ သူ့မြေးချစ်ကျတော့ လက်မောင်းကနေဆွဲပြီး အိမ်ထဲခေါ်သွားလေပြီ။
"ဦးလုံ ရှောင်းကျန့်ကိုကြီး အိတ်တွေ သူနေမယ့်အခန်းထဲထိ ပို့ပေးလိုက်နော်"
"အေး အေး"
ဘယ်ရမလဲ ကျင်းလင်တဲ့ ပြန်ခိုင်းရမယ့် သူတွေမှ ဒီစံအိမ်ထဲမှာ အများကြီး။
"ဟယ် ကျန့်ကျန့်! တူလေး ချောလာလိုက်တာ သားရယ် အကိုကြီးရော နေကောင်းရဲ့လား"
"ဟုတ် ဖေဖေရောမေမေပါ နေကောင်းပါတယ် တီလေး"
"အေး အေး မင်းအန်ကယ်ကတော့ မနက်တည်းက အလုပ်သွားနေလို့ မရှိဘူးကွဲ့"
"ဟုတ်ကဲ့"
ပေကျင်းမြို့ လူကုံထံရပ်ကွက်တစ်ခု ခြံဝင်းကျယ်ကြီးတွေသာရှိပြီး အပြင်လူဝင်ဖို့တောင် စစ်ဆေးရေးဂိတ်ဖြတ်ရတဲ့ သူဌေးရပ်ကွက်ထဲက ရှောင်းစံအိမ်တော်ကြီး။
"သား ဒါ ဘယ်လဲ?"
"သား ချိန်းထားတာရှိလို့ မား"
"ဟဲ့ ဒီမှာ သား အကိုကြီးရောက်နေတယ်လေ"
"ကိုကြီးနဲ့တွေ့ပြီးပါပြီ ခုက ချိန်းထားတာ အချိန်ကပ်နေပြီ မားရဲ့"
"မင်းနော် ကြပ်ကြပ်သတိထား! ဟိုဖက်အိမ်က အကောင်နဲ့ပေါင်းနေတာ ငါလုံးဝကြည့်မရဘူးနော်"
"မားကလဲ"
"ဘာမှ မားကမလဲနဲ့! အော် ကျန့်ကျန့်ကိုလဲ ပြောပြထားရဦးမယ် ဘေးခြံက ကလေကဝနဲ့ ပတ်ကို မပတ်သတ်နဲ့နော် သိလား ငါ့တူ"
"ညည်းအေ! ကျုပ်မြေး ခုမှရောက်တဲ့ဟာကို ဘာတွေပြောနေတာတုန်း!"
"အို ပြောထားရမယ် ကိုယ့်တူလေးက ဟိုလိုအကောင်ကို ဘုမသိဘမသိ ခင်သွားမှဖြင့် အိမ်ကဟာတောင် ပြောမနိုင်လို့သာရယ်"
"ညည်းသား ညည်းနိုင်အောင်ထိန်းလေ ဘာလို့ သူများကို လိုက်ပုတ်ခတ်နေတာတုန်း"
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။