9

1K 43 1
                                    

"ပါးက ဒီမှာနေဖို့ တိုက်ခန်းဝယ်ပေးထားတယ် ဖွား"

နောက်လဲသိမယ့်အတူတူတော့ စောသိတာပိုကောင်းမယ်ထင်လို့ ပြောလိုက်မိတယ်။

"အင်း ဖွားသိပါတယ်"

"သား ပြောင်းနေရင်ကောင်းမယ် ထင်တယ်"

ကော်ဖီကိုငုံ့သောက်လို့ ဖွားမျက်နှာကို မကြည့်ပဲ ထိုစကားကို ပြောချပစ်လိုက်သည်။မဟုတ်ရင် ပြောထွက်မည် မဟုတ်။

"ဖွားမြေးလေး ဒီမှာနေရတာ စိတ်ရှုပ်နေရပြီ ဖွားကလဲ အသက်ကြီးလာတော့ အရင်းအချာတွေကိုအနားမှာရှိစေချင်တယ် မြေးရယ် သားကြီးကလဲ ဖွားနား အကြာကြီးလာမနေနိုင်ဘူးလေ အဲ့တော့လာနေနိုင်တဲ့ မြေးကိုပဲ ဖွားက ဆွဲထားမိတာ ဒီအဖွားက လူငယ်တွေအတွက် မတွေးမိသလိုဖြစ်သွားတယ် ထင်ပါရဲ့ကွယ်"

ထိုသို့ပြောပြီးတာနဲ့ ထ,ထွက်သွားတဲ့ ဖွားက မနက်စာတောင် ကုန်အောင်စားမသွား။ကိုယ့်ကြောင့်များ ဖွားစိတ်ညစ်သွားသလားဆိုတာ ရှောင်းကျန့် ခေါင်းကုတ်ရင်းသာ တွေးနေလိုက်မိတယ်။

ငယ်စဉ်တည်းက ပါး မားနဲ့သာနေခဲ့သူမို့ လူများများ မိသားစုများများ ပြဿနာရှုပ်ရှုပ်တွေဟာ ရှောင်းကျန့်နဲ့တော့ အစိမ်းသက်သက်ဖြစ်နေတာ အမှန်ပင်။ဖွားကိုလဲ ဘယ်လိုပြန်နှစ်သိမ့်ပေးရမယ် မသိတာကြောင့် ဆေးရုံကိုသာ စောထွက်လာလိုက်တော့သည်။အစတည်းက တိုက်ခန်းမှာပဲ သွားနေခဲ့ရမှာ ဒါဆို ဘာမှရှုပ်လာစရာကို မရှိတာ ခုတော့...

*အဆုံးသတ်ကို ကြိုသိနေရက်နဲ့ အစပျိုးခဲ့တာကိုက ကိုယ့်အမှား*

___________

‌"ရှောင်းကျန့် ညနေ အပြန်ဘယ်သွားစရာရှိလဲ?"

"အမ်! မရှိပါဘူး"

အစမရှိ အဆုံးမရှိမေးလာတဲ့ ကျန်းချန်ကို အူကြောင်ကြောင်ပြန်ဖြေလိုက်ရင်း..

"ဘာလို့လဲ?"

"ငါ့ကို mall ကိုလိုက်ပို့ပေးပါလား ငါ့ကား battery down သွားလို့"

"ဪ အေး ရတယ်လေ"

"ဒါဆို အပြန်ကျ ငါ့ကို စောင့်နော်"

"အေး အေး"

ကျန်းချန်က OG ပိုင်းကို specialise ယူထားပြီး ရှောင်ကျန့်ကတော့ surgery ပိုင်းကိုယူထားသူမို့ အဆောင်ချင်းက မတူ။ဒါကြောင့် နားချိန်ရတုန်းလေး အပြေးအလွှားလာပြောတာဖြစ်မည်။ပြောပြီး ပြေးသွားတာများ မှုန်လို့။ဖုန်းဆက်လဲရတဲ့ဟာကို သူ့လင်ကို တွေ့ချင်လို့ ခွဲစိတ်ဆောင်ထိ တကူးတကလာရှာတာ မသိရင်တောင် ခက်နေပါဦးမယ်။

ကိုကိုရေ ရူးပြီ (Complete)Where stories live. Discover now