"ဝမ်ရိပေါ် !ဝမ်ရိပေါ် ! မင်းက အလိုလိုက်ထားလို့ ကမ်းတက်နေတာပေါ့လေ ဟုတ်လား"
"....."
"ငါ့မှာတော့ ရှာလိုက်ဖွေလိုက် မင်းပြဿနာတွေရှင်းလိုက်နဲ့ မရောက်ဖူးတဲ့နေရာကို မရှိတော့သလောက်ပဲနော် ကဲပြောပါဦး! စာမေးပွဲကော ဘယ်တော့ဖြေဖြစ်မယ်ဆိုတဲ့ အကြောင်းလေး"
"စိတ်ပါတဲ့ တနေ့"
"ဘာ!!! ဟေ့ကောင် မင်း ဘာပြောတယ် ငါ့ကို!"
"တော်ပါတော့ အကိုရယ် ဘေးအိမ်တွေလဲ အားနာပါဦး မနက်စောစောစီးစီးကို"
"ငါအော်တာပဲ ပတ်ဝန်းကျင်ကသိတာလေ ဒီကောင်လုပ်နေပုံကျ ကောင်းလား ပြော မင်း!"
"အကို အလုပ်သွားမှာမလား ဒီမှာအိတ်"
"အေး မင်းသားဖက်က ကြပ်ကြပ်ပါ ကြာရင် ဟိုက မင်းကိုပါရောင်းစားသွားမယ် သိလား"
"ဘာ မင်းသားလဲ!! ကျွန်တော်က ဝမ်မင်းဟန်သား ကျန်းမေဟွားသား မဟုတ်ဘူး ပါး!!"
ဖအေက ဒေါသဖြစ်နေတာမို့ ဒါလေးမှားပြောမိတာကို ဝမ်ရိပေါ်တစ်ယောက် ဒေါသတွေအကြီးအကျယ်ထွက်လို့ အော်ဟစ်ကာ ဆိုင်ကယ်သော့ဆွဲလို့ အိမ်ထဲကအပြေးထွက်သွားချေပြီ။
"တွေ့လား! ဟွား မင်းသား လုပ်ပုံ"
"တော်ပါတော့ အကိုရယ် သားသားအကြောင်းလဲသိရဲ့သားနဲ့ ဘာလို့ ဒီလိုပြောလိုက်တာလဲ"
"ဟ စကားမှားသွားမိတာလေကွာ! ဒါလေးတောင် မှားလို့မရဘူးလား"
ပြောလဲပြော အလုပ်အိတ်ဆွဲကာထ,ထွက်သွားတဲ့ ဝမ်မင်းဟန်ကို ကြည့်ရင်း မေဟွားခေါင်းသာခါယမ်းလိုက်မိတယ်။
*သားသား မကြိုက်တာကလဲ ဒီစကားဆိုတာ သိရဲ့သားနဲ့ အကိုရယ်* လို့သာ စိတ်ထဲက ထပ်ပြောလိုက်မိတယ်။
------------
ဝူး ဝူး ဝရော!!!!
"ဗုဒ္ဓေါ!!""ဟင်းး ဟင်းး ဖွားမြေး လန့်သွားပြီ"
ဖွားနဲ့ မနက်စာစားအပြီး ခြံထဲဆင်းလမ်းလျှောက်နေတုန်း တစ်ဖက်ခြံက အသံအကျယ်ကြီးကြောင့် ရှောင်းကျန့်မှာ လန့်တောင်အော်မိသွားတယ်။
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။