*ဒီညနေ ဖွားအိမ်သွားမှာ*
ဆိုတဲ့ ကိုကို့ရဲ့ SMS ကြောင့် ဝမ်သခင်လေးမှာ ရှိသမျှ အလုပ်အကုန်ပုံကာထပ်လို့ စာရွက်ပုံကြားခေါင်းဝင်နေရတယ်။
"ဘော့စ်! လက်မှတ် တစ်ချက်.."
အလုပ်စားပွဲကနေ မော့ကာကြည့်ရင်း မျက်စောင်းကြီးပစ်ထိုးလိုက်တာမို့ အတွင်းရေးမှူးမှာ တံခါးဝတင် ပြောလက်စကိုရပ်ပြီး ဝင်ရမလား ပြန်ထွက်သွားရမလား တွေးတောနေရတော့တယ်။
"လာလေ! ဘာလုပ်နေတာလဲ? အချိန်တွေသိပ်ပေါနေလို့လား!!"
"မဟုတ်..မဟုတ်ပါဘူး"
"မဟုတ်ရင်လဲ မြန်မြန်လာ!"
လေသံမာမာနဲ့မို့ အပြေးအလွှား အခန်းထဲဝင်လို့ လက်မှတ်ထိုးရမယ့်နေရာကို လက်ညိုးထောက်ပြလိုက်တော့..
"ငါက ဘာစာရွက်မှန်း မသိပဲ ရမ်းသမ်းထိုးစရာလား?!"
"အာ ဟို HR က ဝန်ထမ်းထပ်ခန့်မယ့် ခွင့်ပြုစာပါ"
"ဘယ်နှစ်ယောက်လဲ?"
"ဗျာ?"
"အသစ်ထပ်ခန့်မှာဆို ဘယ်နေရာတွေလိုလို့ ဘယ်နှစ်ယောက်ထပ်ခန့်မှာလဲ မေးနေတာ ငါ့ဆီက လက်မှတ်မလာတောင်းခင် မင်းကတော့ဒီစာရွက်ကို ဖတ်ထားရမယ်မလား!"
"အာ ဟုတ် ဖတ်..ဖတ်ထားပါတယ် ဘော့စ် ဟို.."
"တော်ပြီ သွားသွား ငါ့ဖာသာပဲဖတ်လိုက်တော့မယ် မေးလိုက်ရင် ဟင် ဟမ် အာနဲ့ ဘာမှကို မရေရာတာ!"
သူ့ဖာသာ အလုပ်များနေပြီး ဒါလေးထိုးခိုင်းတာကို အော်နေတာများ မသိရင် သူ့စည်းစိမ်အပြုတ်ဖြုတ်ခံရမှာကျ..ကျ..
"စိတ်ထဲက ကျိန်ဆဲမနေနဲ့!"
မျက်စောင်းထိုးပြီး လှည့်ထွက်ကာရှိသေး နောက်ကနေပြောလိုက်တဲ့ ဘော့စ်ရဲ့အသံကျယ်ကျယ်ကြောင့် နောက်ပြန်လှည့်လို့ ကြည့်ကာ..
"အဲ..ဟို..မဟုတ်.."
"အဲ့လို ပုံဖြစ်နေတည်းက မယုံတာ"
'မယုံနေပေါ့'
"ညနေ ဘာအလုပ်မှ ငါ့စားပွဲပေါ် လာမတင်နဲ့နော် ငါအပြင်သွားမှာ"
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။