"ဒေါက်တာရှောင်းကျန့်နဲ့ တွေ့ချင်လို့ပါ"
"ကြိုတင်ဘိုကင်ယူထားတာလား ရှင့်"
"ဟင့်အင်း"
Reception ကောင်တာက အမျိုးသမီးရဲ့အမေးကို ခေါင်းအသာခါပြလိုက်တော့..
"ဒါဆိုရင်တော့ ခဏစောင့်ရပါမယ် ဒေါက်တာရှောင်းက duty ဝင်နေတုန်းမို့ပါ"
"Ok လေ"
"ဒါဆို ဟိုနေရာမှာ ခဏထိုင်စောင့်ပေးပါရှင်"
ထိုအမျိုးသမီးညွှန်ပြတဲ့ စောင့်ဆိုင်းဧရိယာဆီကိုခြေဦးလှည့်လိုက်ရင်း တွေ့ချင်တဲ့သူကို ထိုင်စောင့်ဖို့သာပြင်ရတော့တယ်။ကိုယ်မှ ကြိုတင်မချိန်းထားမိတာပဲ။
"ရှောင်း ..ရှောင်း!!"
"အာ ဒေါက်တာချင်!"
"ရှောင်းကလဲ လမ်းလျှောက်တာမြန်လိုက် ယွီရှမ်း နောက်ကအော်ခေါ်နေတဲ့ဟာ ရပ်တောင်မပေးဘူး ပြေးလိုက်ရတာ မောတောင်မောတယ် တကယ်ပါပဲ"
သူ့ရင်ဘတ်သူဖိပြီး ကိုယ့်ကိုပြစ်တင်စကားပြောနေတဲ့အမိကြောင့် မျက်လုံးအစုံသာပြူးကြည့်လိုက်မိတယ်။သူ့ဖာသာ အတင်းခေါ်ပြီး နောက်ကပြေးလိုက်လာတာလေ ဘယ်သူကလိုက်ခဲ့ပါ ခေါ်နေလို့လဲ။ခုနကခေါ်တာလဲ နှစ်ခွန်းထဲရှိသေးတာပါ ကြားသားပဲ တမင်လှည့်မကြည့်ချင်လို့ကို မကြားချင်ယောင်ဆောင်လာတဲ့ဟာကို ခုနောက်ကပါ ပြေးလိုက်လာတော့ စကားမပြောချင်လဲ အောင့်အီးသည်းခံပြီး ပြောပေးရပါဦးမည်။
"ဘာကိစ္စရှိလို့ပါလဲ? ဒေါက်တာချင်"
"ယွီရှမ်းလို့ပဲ ခေါ်ပါဆို ရှောင်းကလဲ လို့"
"ဒါက private ares ပါ ဒေါက်တာချင် ပြီးတော့ လုပ်ငန်းခွင်လဲဖြစ်တဲ့အတွက် အခေါ်အဝေါ်အသုံးအနှုန်းကအစ သတိထားပေးပါ"
"ရှောင်းကလဲ စာအုပ်ကြီးဆန်နေပြန်ပါပြီ"
ပြောကာမှဆိုး မန်းကာမှပြဲဆိုသလို ဆင်ခြင်ပေးပါပြောလိုက်ကာမှ လက်မောင်းကိုထုပြီး လက်ကိုပါလာဆွဲနေတာမို့..
"ဒေါက်တာချင် ..မင်း!"
"ကိုကို!"
"ရိပေါ်? "
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanficကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။