5

1.2K 50 1
                                    


"မဟုတ်တမ်းတရားတွေလိမ်လည်ပြောတဲ့သူက ကျန်းမေရီကို တစ်ဖက်သတ်ကြိုက်နေတဲ့သူတဲ့လေ အဲ့လိုအတိတ်အမှားတွေသိပြီးတဲ့ ဝမ်ဝမ်က ဘယ်လိုမှထိန်းမရလောက်အောင် ဆိုးသွမ်းလာတော့တာပါပဲကွယ်"

"သူ့ကို ဘယ်သူမှ မရှင်းပြကျဘူးလား?"

"ဝမ်ဝမ့်ကို မဟုတ်တာတွေပြောခဲ့တဲ့သူကို စုံစမ်းလို့ တရားစွဲထောင်ချနိုင်ခဲ့ပေမယ့် ဝမ်ဝမ်လေးရင်ထဲက သူ့အမေသေပြီး အဒေါ်ကိုအဖေကယူခဲ့တယ်ဆိုတဲ့ အစွဲကြီးကတော့စွဲသွားခဲ့တယ်ထင်တာပါပဲ မြေး‌ရယ်"

"ဒါကတော့ တမင်သက်သက် သူယူဆချင်သလို ယူဆနေတာကြီးပါ ဖွားရာ"

"သူ့အဒေါ်ကလဲ သူ့အမရဲ့ခင်ပွန်းကိုယူလိုက်တယ်ဆိုတဲ့ အပြစ်ရှိစိတ်နဲ့ အလိုလိုက်ထားတော့ သူကလဲ သူ့ထင်မြင်ချက်ကမှန်တယ်ပဲ ထင်နေတာနေမှာပေါ့ကွယ်"

"ဒီကောင်လေးဟာလေ မိဘတွေစိတ်ဆင်းရဲရအောင် မနက်က တွေ့ရတဲ့ အန်တီက စိတ်သဘောကောင်းမယ့်ပုံပါ လှလဲတအားလှတယ်"

"ဟုတ်ပ ဟုတ်ပ ဟွားဟွားက ပေကျင်းတက္ကသိုလ်က ပါမောက္ခလေ သိပ်ယဉ်ကျေးပြီး စိတ်သဘောထားပြည့်ဝတဲ့မိန်းမလှလေးပေါ့ကွယ်"

"သား စပ်စုနေတာနဲ့ ဖွားအိပ်ဖို့နောက်ကျနေပြီ အိပ်တော့နော် ဖွား"

နာရီကိုတချက်လှမ်းကြည့်လို့ ဖွားကိုအိပ်ယာပေါ်သေချာနေရာချကာ စောင်ကိုပါ ရင်ဘတ်နားထိခြုံပေးလိုက်ပြီး အခန်းမီးပိတ်လို့ အပေါ်ထပ်က ကိုယ့်အခန်းဆီသာတက်လာ‌လိုက်တော့တယ်။

အပေါ်တက်လာပြီးမှ အခန်းထဲမဝင်ချင်သေးတာမို့ ဝရန်တာဆီလှမ်းလာလိုက်တယ်။‌ ရှောင်းအိမ်တော်မှာ ရှောင်းကျန့်သဘောကျရတဲ့ အချက်တစ်ချက်က အခန်းတိုင်းမှာ ကိုယ်ပိုင်ဝရန်တာ‌လေးတွေ ထုတ်ထားတာကိုပဲ။

ပြည့်ပြည့်ဝဝသာ‌ နေတဲ့ လမင်းကြီးကိုမော့ကြည့်လို့ ညလေအေးအေးကို ရှုရှိုက်လိုက်မိတဲ့ တခန ဝေ့ဝဲလာတဲ့လေအေးတွေထဲ စီးကရက်နံ့ကကပ်ပါလာတာမို့ ဝရန်တာလက်ရန်းဘောင်ဆီလက်တင်လို့ ဟိုဟိုဒီဒီကြည့်မိနေရင်း မျက်လုံးအကြည့်က ဟိုဖက်ခြံဆီ ရောက်သွားတော့တယ်။

ကိုကိုရေ ရူးပြီ (Complete)Where stories live. Discover now