Condo ကလဲ အဆင်ပြေပြီ ဆေးရုံကိုလဲရောက်ရှိကြောင်း သတင်းပို့ပြီးပြီမို့ နောက်ရက်ဆို ရှောင်းကျန့် လုပ်ငန်းခွင်ဝင်ရတော့မည်။
တရုတ်ပြည်ရဲ့ ခွဲစိတ်ပါရဂူကြီးဖြစ်တဲ့ ပါးက ချုံချင်းမှာ ကိုယ်ပိုင်ဆေးရုံကြီးတည်ဆောက်လို့ ရှိတဲ့သူကိုလဲ သင့်တင့်သလောက် မရှိတဲ့သူတွေကိုလဲ အလကားနီးပါးကုသပေးနေပေမယ့် ရှောင်းကျန့်က ထိုဆေးရုံမှာဝင်လုပ်ဖို့တော့ ခုချိန်မှာ အာရုံသိပ်မရှိပါ။
ငယ်ရွယ်တုန်း နိုင်ငံတော်ကသတ်မှတ်ပေးတဲ့ တာဝန်ကျရာ ဒေသအသီးသီးကိုသွားရောက်လို့ ကျန်းမာရေးအသိပညာတွေပေးချင်ပါသေးသည်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ပါးက သူလုပ်ချင်ရာ လုပ်ခွင့်ပေးထားတာပဲဖြစ်သည်။ငယ်ရွယ်တုန်းမှာ တာဝန်ကျတဲ့ဒေသတွေဆီသွားလို့ ကျန်းမာရေးအသိနည်းပါးသူများကို ကျန်းမာရေးဗဟုသုတပေးရင်းနဲ့ ကုသပေးမည်။အသက်လေးနည်းနည်းရလာရင်တော့ ပါရဂူဘွဲ့လွန်ထိဆက်တက်လို့ ရှောင်းကျန့်ဖြစ်ချင်တဲ့ အသည်းအထူးကုပါရဂူကြီးဖြစ်အောင် ကြိုးစားရပါဦးမည်။
ပါးတုန်းကလဲ ချုံချင်းမှာတာဝန်ကျရာက မားနဲ့တွေ့ပြီး ဖူးစာပါခဲ့တာပဲမလား။ငွေဆိုတာကို အချင့်အချိန်နဲ့သုံး နေရတဲ့ သူတွေမဟုတ်တာကြောင့် ရှောင်းကျန့်လစာဘယ်လောက်ပဲရရ ပါးနဲ့မားအတွက်က အရေးမကြီးပေ။ထို့ကြောင့် ရှောင်းကျန့် လုပ်ချင်ရာကိုသာ ပါးနဲ့မားက ကြည်ဖြူစွာ ခွင့်ပြုထားတာပဲဖြစ်သည်။တချိန်ကျရင်တော့ ပါးရဲ့အမွေကိုဆက်ခံလို့ သားလိမ္မာလေးလုပ်ဖို့ တော့ရှောင်းကျန့်က တွေးတောထားပါတယ်။
___________
"မင်္ဂလာပါ ကျွန်တော် ရှောင်းကျန့်ပါ""အာ ဟုတ် မင်္ဂလာပါ ဒေါက်တာ"
အလုပ်စ,စဝင်ချင်းမို့ reception က နာ့စ်လေးတွေကို အပြုံးနဲ့နှုတ်ဆက်လိုက်ရင်း..
"ဒီနေ့မှ အလုပ်စ,ဝင်တာပါ ကျွန်တော့် အချိန်ဇယားလေး"
"ခဏလေးပါနော် ဒေါက်တာရှောင်း"
Duty အချိန်စာရင်းကို ထုတ်ပေးနေတာမို့ ခဏရပ်စောင့်နေမိတုန်း..
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။