14

950 37 1
                                    

"Cheer!!!"

"ဟောက်ရွှမ်းတို့ သရုပ်ဆောင်ကောင်းချက်နော် နှပ်တွေပါထွက်တာ"

"အဲ့ဒါ မင်းပထွေးလက်ချက်လေ ပခုံးကိုင်ပြီးအားပေးသလိုလိုနဲ့ နားထင်နားပရုပ်ဆီတွေလာသုတ်သွားတာ"

ဟားးး ဟားးး ဟားးး
"နေပါဦး ရိပေါ်ရ မင်း အဲ့လူနာကို ဘယ်ကရှာထားတာလဲ?"

"ဘယ်ကမှမရှာဘူး အဲ့လူနာက တကယ့်အစစ် နာ့စ်တစ်ယောက်ရဲ့အကူညီတော့ နည်းနည်းယူလိုက်ရတာပေါ့"

"ဒါလေးလဲ ပါရတယ်မလား?"
ဝူယွဲ့က လက်ညိုးနဲ့လက်မကိုပါဝိုင်းပြလို့ စကားဝင်ထောက်တယ်။

"အဲ့ဒါကတော့ မပါမဖြစ်ပေါ့"

"ဘာလို့လုပ်တာဆိုတာ ပြောပြတော့ ဟေ့ကောင်!"

ဟောက်ရွှမ်းရော ဝူယွဲ့ကပါ ဒီဇာတ်လမ်းမှာ အကြောင်းအရင်းမသိပဲ ဝင်ကပေးခဲ့ကျတာ။

"ငါ့ကောကောကို ထိလို့!"

"ဘာ!! ဒါနဲ့ပဲ မင်းက ဆရာဝန်တစ်ယောက် လက်မှတ်သိမ်းခံလိုက်ရတဲ့ထိဖြစ်အောင် လုပ်ခဲ့တာပေါ့လေ"

"ကျန့် .ကော!"

"ဟုတ်တယ် ငါ! မင်းတို့စကားစတည်းက ငါနားထောင်နေခဲ့တာ လူတစ်ယောက်ဘဝပျက်အောင်လုပ်လိုက်ရတာကို မင်းတို့ကသိပ်ပျော်နေကျပုံပဲနော် အေးပေါ့လေ ပညာဆိုတာ ဘယ်လိုအသုံးချရမလဲမသိတဲ့ မင်းတို့လို လူတန်းစားတွေအတွက်ကတော့ ငွေကိုရေလိုသုံးပြီး ဘဝတွေကိုချယ်လှယ်နေတာ အဆန်းမှ မဟုတ်တာပဲ"

"မ..မဟုတ်ဘူးကော ကော ထင်နေသလိုတစ်ခုမှ မဟုတ်ဘူးနော်"

"ဟက်..ငါက ထင်နေတာမဟုတ်ဘူး ငါ့မျက်လုံးနဲ့ ကိုယ်တိုင်မြင်ပြီး ငါ့နားနဲ့ကိုဆက်ဆက် ကြားခဲ့ရတာကွ"

"ကျစ်! မဟုတ်ပါဘူးဆိုဗျာ ကျွန်တော့်ကို ရှင်းပြခွင့်တော့ပေးလေ ကောရာ"

"တော်! ဘာမှမကြားချင်ဘူး ပိုက်ဆံရှိတိုင်း ထင်ရာဆိုင်းတတ်တဲ့ မင်းနဲ့လဲ ငါမပတ်သတ်ချင်ဘူး သွား!"

"ရှောင်းကျန့်!"

ဘားမှာ သူငယ်ချင်းအချို့နဲ့ဆုံမယ်ချိန်းထားပြီးကာမှ duty ထွက်ခါနီး မွေးလူနာတစ်ယောက်ကြောင့် နောက်ကျနေတဲ့ ကျန်းချန်းက ခုမှ ဘားကို ရောက်လာ၍ ရှေ့မှာဖြစ်နေသမျှကို နားမလည်ပါးမလည် ရပ်ကြည့်နေခဲ့ပြီးမှ ရှောင်းကျန့်က အလောတကြီးရှင်းပြနေတဲ့ ဝမ်ရိ‌ပေါ်ကို တွန်းထုတ်လို့ ဒေါသတကြီး အပြင်ကိုထွက်သွားတာမို့ လှမ်းခေါ်ရတော့သည်။

ကိုကိုရေ ရူးပြီ (Complete)Where stories live. Discover now