"ဘာတဲ့လဲ?"
"ထူးတော့ ထူးဆန်းတယ် ဦးကျင်းဟန်သောက်တဲ့ထဲမှာပဲပါပြီး ကျန်တဲ့ဘယ်ထဲမှာမှ အဆိပ်ကပါမနေဘူး ကိုကို ကျွန်တော် အကုန်စစ်ခိုင်းထားပြီးပြီ ဝယ်လာတဲ့ ဘူးတွေကအစ"
"အင်း ကိုကိုလဲ ဖွားရော ချာကျူးပါ ပြောတည်းက စဉ်းစားနေတာ ဘယ်လိုမှ တွေးမရလို့သာ"
သင်ပြင်းတချက်ချလိုက်ရင်း ရိပေါ်ထိုင်နေတဲ့ဆိုဖာဆီဝင်ထိုင်လိုက်တော့..
"လာ! ကျွန်တော့်ပေါင်ကို ခေါင်းအုံးထား"
ရိပေါ်ပြောတဲ့အတိုင်းလှဲချလိုက်ပြီး ပေါင်ပေါ်ခေါင်းတင်ပေးလိုက်တော့ နားထင်ကို ဖိဖိပြီးနှိပ်ပေးနေတာကြောင့် တဒိတ်ဒိတ်ဆောင့်တိုးနေတဲ့ သွေးတွေတောင်ငြိမ်သက်သွားရတယ်။
"ခု ဖြစ်ရပ်က တွေးစရာတွေအများကြီးဖြစ်နေတယ်"
"ဘာတွေလဲ?"
"ကိုကို စဉ်းစားကြည့် ကျွန်တော် အစကနေပြန်ပြောပြမယ် ဖက်ထုတ်ဝယ်လာတာကကျွန်တော် ကိုကိုက ချာကျူးကိုနွှေးခိုင်းတယ် ဒီအဆင့်ထိ ဘူးကမဖွင့်ရသေးဘူး ဟုတ်ပြီနော်"
"အင်း"
"မဟုတ်ဘူး ကျွန်တော်ဝယ်လာတာဆိုတော့ ကျွန်တော် ဘူးဖွင့်ခဲ့လဲရတယ်လေ ဒီတချက်ကိုထည့်စဉ်းစားမယ်"
ပေါင်ပေါ်က ခေါင်းလေးက မော့လာပြီး..
"မင်းက အဲ့လို ဘာလို့လုပ်ရမှာလဲ?"
"ဒါပေမယ့် ထည့်တော့စဉ်းစားရမယ်လေဗျာ"
"ထားပါ"
"နောက်တချက် ချာကျူး..ချာကျူးက ဘူးဖွင့်ပြီးမြည်းတယ် ပြီးမှ ဖက်ထုတ်ကိုနွှေးတယ် ပြီးတော့ပန်းကန်ထဲထည့်ပြီး စားပွဲပေါ်တင်တယ် အဲ့တော့ ချာကျူးခတ်တယ်လို့ စဉ်းစားလို့ရတယ် ဒါပေမယ့် ပြန်စဉ်းစားရမှာက ချာကျူးက ဘာလို့ ဘာအကြောင်းကြောင့် ဘယ်သူ့ကိုအဆိပ်ခတ်ရမှာလဲ ဘာအကျိုးမြတ်ရမှာမို့လို့လဲ?"
"အင်း"
"နောက်ပြီး ကိုကိုတို့မြေးအဖွား ရောက်လာတဲ့အချိန် အဲ့ပန်းကန်က ပျောက်သွားလို့ ချာကျူးက အသစ်ထပ်ထည့်ပေးပြီး ဖွားက စားတယ် အဲ့ချိန်မှာသာ အဆိပ်ခတ်ချင်တဲ့သူဆိုရင်လဲ ချာကျူးက ထပ်ခတ်လို့ရတာပဲ ဟုတ်တယ်နော် ခုနက ပန်းကန်က ပျောက်သွားပြီပဲဟာ ပြီးတော့ ဒါက ကိုကိုနဲ့ကျွန်တော်ဝယ်လာတဲ့ဟာလေ သူမသိဘူးပြောရင် ရှောင်လို့အလွတ်ကြီး"
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။