ဒုန်း! ခွမ်း!!!
"အမလေး အကို! အကို!!! ကယ်ကြပါဦး! ဒီမှာ။ကျွန်မယောက်ျားဘာဖြစ်သွားလဲမသိလို့ ကယ်ကြပါဦး!!!"အပေါ်ထပ်က ပြုတ်ကျသံတွေကြားပြီးတာနဲ့ ဒေါ်ချိန်လီရဲ့ ခုနှစ်သံချီကပါ ထပ်ထွက်လာတာမို့ ထမင်းစားခန်းထဲရှိနေသူတွေ အားလုံးအပေါ်ထပ်ကိုမော့ကြည့်လိုက်မိကြသည်။
"မား! ဘာဖြစ် ဟာ ပါး!ပါး!!!"
ကျင်းလင်အသံပါထပ်ထွက်လာတာကြောင့် မနေသာတော့ပဲ ချာကျူးနဲ့ရှောင်းကျန့်အပေါ်ထပ်ကို ပြေးတက်လာရတော့တယ်။
"ဟင်!"
အခန်းထဲဝင်မယ်ပြင်ပြီးကာမှ တံခါးဖွင့်ထားတဲ့ အခန်းထဲက မြင်လိုက်ရတဲ့ အခြေနေကြောင့် ဆွံ့အသွားမိသလို..
"ဟယ်!"
ရှောင်းကျန့်နောက်ကပါလာတဲ့ ချာကျူးကပါ ရှေ့ကမြင်ကွင်းကိုမြင်ပြီး အာမေဍိတ်သံထွက်သွားတဲ့ သူ့ပါးစပ်ကိုပါ သူ့လက်နဲ့ပိတ်ကာလိုက်ရတယ်။
"ကိုကြီး! ရှောင်းကျန့်ကိုကြီး ပါး..ပါးကို..
စကားဆက်မပြောနိုင်တဲ့ ကျင်းလင်နဲ့အခန်းထဲကအရှုပ်ပုံကို ကွေ့ရှောင်ပြီး လဲကျနေတဲ့ ဦးကျင်းဟန်နားကို သွားလိုက်ကာ လက်ကောက်ဝတ်နားက သွေးကြောကိုစမ်းကြည့်လိုက်တော့။
"ကျင်းလင်!...နေတော့ နေတော့ ချာကျူး အရေးပေါ်ကားခေါ် နှလုံးခုန်နေသေးတယ် မြန်မြန်!!"
တုန်ရင်နေတဲ့ ကျင်းလင်ကို ခိုင်းလဲ အရာမရောက်နိုင်တာ တွေးလိုက်မိတာမို့ ချာကျူးကိုသာ လုပ်ရမယ့်ဟာ သေချာမှာလိုက်တာ။ချာကျူးက အခန်းဝကနေ အောက်ထပ်ကိုအသဲအသန်ပြေးဆင်းသွားတာနဲ့..
"ကျင်းလင်! ကောကို ကူ!"
ကြောင်ပြီးရပ်ကြည့်နေဆဲ ကျင်းလင်ရဲ့လက်ကိုဆွဲလှုပ်လိုက်ပြီး..
"ဒီနားကိုလာ ကုတင်ပေါ်က ခေါင်းအုံးမြင့်မြင့်တစ်လုံးယူလိုက် ကော ဦးလေးကို ပွေ့ပေးထားမယ် ဦးလေးကျောအောက်လောက်မှာ ခေါင်းအုံးခံလိုက်"
ကျင်းလင်ကိုလဲပြော ကိုယ်တိုင်လဲ ဦးကျင်းဟန်ကိုယ်ကို ပွေ့လို့ဆွဲထူလိုက်တယ်။
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။