18

976 25 0
                                    

"ဆင်း!! အမူးသမားမောင်းတဲ့ ဆိုင်ကယ်နောက် လိုက်စီးရလောက်အောင် ငါ့အသက်က အပိုမပါဘူး"

"ဟက်! မမူးတော့ပါဘူးဗျာ စောနကလေးတင် သောက်ထားသမျှက အမူးပြေသွားပါပြီ"

"မယုံဘူး! ငါမမောင်းရရင် မလိုက်ဘူး သွားတော့ သွား! ငါ့ဖာသာလမ်းလျှောက်ပြန်မှာ"

ကလေးလဲမဟုတ် ပြောရဆိုရတအားခက်တဲ့ ကျန့်ကောကို ဝမ်ရိပေါ်ကြည့်ရင်းသာ ခေါင်းအသာရမ်းပစ်လိုက်ရင်း ဆိုင်ကယ်ပေါ်ခွထားရာက အောက်ဆင်းပေးလိုက်ရတယ်။ဒီလူကြီး ခေါင်းကျောတအားမာမှန်း ခုမှသိတော့တယ်။

"ရော့ ဦးထုတ်ဆောင်းထား!"

"ကျန့်ကော ဆောင်းလေ"

"ငါက လူကောင်း မင်းက ငမူး! ငါမောင်းနေရင်း မင်းပြုတ်ကျကျန်ခဲ့ရင် အန္တရာယ်ကင်းအောင်ဆောင်းထား တအားစကားများမနေနဲ့ ဝမ်ရိပေါ်"

ဒီမူးတာကိုပဲ စကားထဲထည့်ထည့်ပြီးပြောနေတဲ့ဟာလေးကို မမူးတော့ကြောင်းလက်တွေ့ပြပစ်လိုက်မှ ဒူးနဲ့မျက်ရည်သုတ်မနိုင်တဲ့အဖြစ်ရောက်သွားမယ်ဆိုတဲ့ ခပ်ညစ်ညစ်အတွေးကိုတွေးရင်း ဆိုင်ကယ်နောက်မှီးပေါ်တက်ထိုင်ရတော့တယ်။

"သေချာကိုင်ထား!"

"....."

"အ့ ဝမ်ရိပေါ် အဲ့ဒါ ဘာလုပ်တာတုန်း!"

"ကောပဲ သေချာကိုင်ထားဆို ဒါကြောင့် ကျွန်တော်ပြုတ်ကျမှာစိုးလို့ ကောကို ဖက်ထားတာလေ"

ဟင်းးး မပြောတော့ဘူး။မပြောချင်တော့ဘူး။ပြောကို ပြောမနေချင်တော့ပါဘူး။တကယ်ပါပဲ နော်။ခုလဲဖက်တယ်ဆိုပြီး ရိုးရိုးတန်းတန်းပခုံးလောက်ဖက်ထားတယ်မထင်နဲ့နော်။လက်တစ်ဖက်က ခါးကိုသိုင်းဖက်ထားပြီး နောက်လက်တစ်ဖက်က နောက်ကျောကနေ ပခုံးထိသိုင်းဖက်ထားတာများ မသိရင် ကလေးကိုစလွယ်သိုင်းပြီး လွယ်ထားရသလိုကိုဖြစ်နေတာ..

"ဖက်ရင်လဲ လျော့ဖက်ကွာ ငါဆိုင်ကယ်မောင်းလို့မရတော့ဘူး"

"ပြီးရော"

ပခုံးထိသိုင်းဖက်ထားတဲ့ လက်ကိုလျော့ချပြီး ခါးကိုလက်နှစ်ဖက်နဲ့တိုးဖက်ကာ သူ့ရင်ဘတ်နဲ့ ကိုယ့်နောက်ကျောကိုပါကပ်ထားတာမို့ ရှောင်းကျန့်တစ်ကိုယ်လုံးက ရိပေါ်ရင်ခွင်ထဲရောက်နေသလိုပင်။ဆက်ပြောလဲ ဒီထက်ဆိုးလာနိုင်ချေသာရှိတာမို့ စကားထပ်ပြောမနေတော့ပဲ ဆိုင်ကယ်ကိုသာ မိုင်ကုန်တင်ပြီး မောင်းထွက်လိုက်တော့တယ်။
______________

ကိုကိုရေ ရူးပြီ (Complete)Where stories live. Discover now