"မင်း ကားက ဘာဖြစ်တာတဲ့လဲ?"
"ပြောရရင်တော့ အကုန်မကောင်းတာပေါ့ကွာ အသစ်လဲရတော့မှာ ငါလဲ ငွေမလိုက်နိုင်သေးလို့"
"ဪ"
"ဘာလဲ မင်း ကားကပ်စီးနေလို့ ငြိုငြင်နေတာလား"
"သေလေ! သေပါ့လား? ငါက ကြာနေလို့မေးကြည့်တဲ့ဟာ"
"ရှောင်းကျန့် ရပ်! ကားရပ်!!"
သူငယ်ချင်းနှစ်ယောက်စကားတပြောပြောလုပ်နေရာက အလန့်တကြားအော်လိုက်တဲ့ ကျန်းချန်ကြောင့် ရှောင်းကျန့်ခြေထောက်တွေက ဘရိတ်ကိုအော်တိုနင်းပြီးသား။
ကျွီ!!!!
"ငါလူး!! သေတော့မှာပဲ! ဘာဖြစ်တာလဲ ကျန်းချန်ရာ!""အပြင်ကို လှမ်းကြည့်လေ!"
"ဟင်! ရန်ဖြစ်နေကျတာနဲ့တူတယ်"
"အေး တစ်ယောက်နဲ့အများကွ"
"...."
"နေဦး! အဲ့ဒါ ဝမ်ရိပေါ်မလား?"
"ဟမ် ဝမ်ရိပေါ်?"
အဝေးမှုန်တဲ့ရှောင်းကျန့်အတွက်က ညအချိန်မို့ မျက်မှန်မပါရင် အဝေးကိုသိပ်မသဲကွဲ။ကားမောင်းရင်တောင် မျက်မှန်တပ်ရမယ်ဆိုပေမယ့် တခါတလေဆို အပျင်းကြီးပြီး မတပ်ဖြစ်တာကများသည်။
"ဟုတ်တယ်ကွ!ဝမ်ရိပေါ် ဟာ ဒီကောင်လေးတစ်ယောက်ထဲကိုကွာ! သေတော့မှာပဲ အား! ရိုက်ပြီ!"
ကားပေါ်ကမဆင်းပဲ အဝေးကရန်ပွဲကိုကြည့်ပြီး ဝေဖန်နေတဲ့ ကျန်းချန်ကို စိတ်မရှည်တော့တာကြောင့် ရှောင်းကျန့်ကားပေါ်ကဆင်းလာခဲ့လိုက်တော့သည်။လက်ထဲမှာလဲ လက်ဆွဲတော် ဘေ့စ်ဘောတုတ်နှင့်။ဒါက ကားထဲမှာ အမြဲဆောင်ထားနေကျအရာ။
ဖုန်း ဖုန်း!!!
"ဟာ ဒီလူ ဘာအထာလဲ?""အနော်ရထာ!"
ပါးစပ်ကလဲပြန်ဖြေရင်း အနားကကောင်ကို တုတ်စာကောင်းကောင်း ကျွေးပေးလိုက်တယ်။
"ဝမ်ရိပေါ်!!"
အော်ခေါ်လိုက်ရင်းနဲ့ ရန်ပွဲရဲ့အလည်ကိုရောက်ဖို့ တော်တော်များများကိုဖြိုလိုက်ပြီးမှပဲ ရောက်တော့တယ်။
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။