"ကျန်းမေရီ!!!"
နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတုန်း နံဘေးကအော်ခေါ်လိုက်သံကြောင့် ဝမ်မင်းဟန် လန့်နိုးသွားရတယ်။
"ဟင်!ဒါတွေက ဘယ်လိုဖြစ်သွားတာလဲ?"
ခွပ် ခွပ်
"ဘာ!! ဒီမေးခွန်းက ငါမေးရမှာကွ မင်းကပြန်မေးရတယ် ဖြစ်ရသေးတယ်"ဒေါသထွက်နေတဲ့ ကျန်းလူကြီးမင်းကို လျစ်လျူရှု့လို့ ဝမ်မင်းဟန်ကတော့ ဘေးကစောင်ခြုံထဲ တရှုံ့ရှုံ့ငိုနေတဲ့ ကျန်းမေရီကိုသာ မေးခွန်းတွေ ဆက်တိုက်မေးနေမိတယ်။
"မေရီ ဘယ်လိုက ဘယ်လို? ပြော! နင်ပြောလေဟာ ဟဲ့ ငိုမနေနဲ့ ပြောလို့!!"
ဘယ်လောက်မေးမေး အဖြေပြန်မပေးပဲ ငိုနေတဲ့သူကို စိတ်မရှည်စွာပခုံးကတွန်းထုတ်လိုက်ရင်း အနီးကဘောင်းဘီကိုကောက်ဆွဲဝတ်ကာ ထ,လိုက်မိတော့။
"ဟေ့ကောင်! ဒါဘယ်သွားမလို့လဲ မင်းကိစ္စ မင်းရှင်းလေ"
"ပါး!!"
ကျန်းလူကြီးမင်း နောက်ကထွက်လာတဲ့ အဖေ့ကိုမြင်လိုက်တော့ သူ့မှာအားကိုးတွေ့သွားသလို ဝမ်းသာသွားမိတယ်။
"ဘာမှ ပါး,လုပ်မနေနဲ့ မင်း ယောက်ျားမဟုတ်ဘူးလား? ယောက်ျားဆိုတာ ကိုယ့်တာဝန်ကိုယ်ယူတတ်ရတယ်ကွ"
"ပါး! ပါး ဘာတွေပြောနေတာလဲ? ကျွန်တော် တခုမှ နားမလည်ဘူး ပါး"
"ဘာ! မင်း ငါ့ သမီးကိုခိုးပြေးသွားပါတယ်ဆိုလို့ ငါတို့လိုက်လာတာလေ ခု ဒီလိုပုံနဲ့တွေ့နေရတာတောင် ငြင်းချင်သေးတာလား မင်းက!"
"ဘာ!!!"
ကျန်းလူကြီးမင်းအပြောကြောင့် ခေတ္တခဏဆွံ့အသွားပြီးတဲ့ နောက် အရာရာကို နားလည်သွားတော့တယ်။
"ဟားး ဟားး မေရီ မေရီ! မင်းသိပ်တော်တဲ့မိန်းမပါလား ဟင်း ဟင်း သိပ်ကိုတော်ပါတယ် မေရီရာ!"
"မ..မဟုတ်ပါဘူး မဟုတ်ပါဘူးဟာ"
"ကိုယ့်ညီမရည်းစားကို ဆေးခတ်ပြီး အပိုင်သိမ်းလိုက်ရလို့ သိပ်ပျော်နေတယ်မလား ငိုမနေပါနဲ့ ဒီအချိန် နင်ရယ်နေရမှာဟ ရယ်စမ်းပါ! အောင်ပွဲခံလိုက်စမ်းပါဟ! လုပ်လေ လုပ်လိုက်စမ်းပါ ကျန်းမေရီရ!! ဟားး ဟားးး ဟားးး"
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။