21

932 33 0
                                    

"ဟက်! ဝမ်ရိပေါ်က လူလည်ပဲ!"

"ဖြစ်ရတယ် ထားပါ အဲ့ကိစ္စ ခုနက စကားလေး ပြန်ဆက်ရအောင်လေနော် ကော"

"ခု န က စကား အာ အဲ့ဒါက..အဲ့ဒါက ကောတို့မိသားစု ပြဿနာလို့ပဲ ပြောရမလား"

ကိုယ်ပြောချင်တာတမျိုး သူပြောနေတာတမျိုးဖြစ်နေပေမယ့် ဝမ်ရိပေါ် စကားဝင်မထောက်ရဲ။မတော်လို့ ကျန့်ကောက သူမှားတာကို ရှက်ရမ်းရမ်းပြီး နှင်ထုတ်နေမှ ခက်မယ်လေ။အိပ်ခွင့်ရ‌အောင်တောင် လူလည်လုပ်ထားရတဲ့ဟာ။အဲ့တော့ အောင့်အီးသည်းခံ ဆက်လက်နားထောင်ရတော့မှာပေါ့။

"တကယ်တော့ ကျင်းလင်အမေက ကိုယ်တို့နဲ့ဘာမှမတော်ဘူး အိမ်ကအလုပ်သမားရဲ့သမီးလို့ပဲပြောရမယ် ငယ်ငယ်ရွယ်ရွယ်နဲ့ မိဘနှစ်ပါးလုံးရှေ့ဆင့်နောက်ဆင့်ဆုံးသွားတဲ့အပြင် ဖွားဖွားတို့မျက်စိရှေ့မှာကြီးလာတဲ့ မိန်းကလေးဆိုတော့ ဖွားဖွားက သူ့သားတစ်ယောက်ထဲဆိုတဲ့စိတ်နဲ့ သမီး‌ လေးတစ်ယောက်ရပါတယ်ဆိုပြီး မွေးစားခဲ့တာ အစကတော့ကောင်းဆိုသလို စစချင်းတော့ သိတတ်လိမ္မာတဲ့သမီး အလိမ္မာလေးပေါ့ နောက်မှ သမီးတင်မဟုတ်ပဲ သားကိုအပိုင်သိမ်းပြီး ချွေးမပါဖြစ်ချင်နေတာသိရတော့မှ ဖွားဖွားလဲရင်ကွဲ ဖိုးဖိုးကလဲ စိတ်‌တွေဆိုးပေါ့ အဲ့ဒါကြောင့် ပါးကတာဝန်ကျတဲ့ ဒီကဆေးရုံတွေမှာ အလုပ်မလုပ်တော့ပဲ နယ်ကိုပြောင်းရွှေ့ခွင့်တင်ပြီး နယ်မှာပဲတာဝန်ထမ်းဆောင်ခဲ့တာ အဲ့မှာပဲ မားနဲ့တွေ့ပြီး ကောကို မွေးလေသတည်းပေါ့ ဒါပါပဲ အဖြစ်ပျက်က"

"ဩ ဩ ကျင်းလင်အမေက မွေးစားသမီးဆိုတာတော့ ကျွန်တော်သိပြီးသားပါ ကျွန်တော်မသိတာက ခု ကောပြောပြတဲ့ကိစ္စကိုပဲ"

"အင် မင်းက ဘယ်လိုသိတာတုန်း"

"ကျင်းလင်အဖေလုပ်လို့ ရှောင်းကုမ္ပဏီဒေဝါလီခံရလုနီးပါးဖြစ်တာ ကောသိလား?"

"အင်း ပါးပါးပြောပြလို့ တချို့ကိစ္စတွေ ကော သိထားပါတယ် အများကြီးတော့ မဟုတ်ဘူးပေါ့"

"ထားပါ! အဲ့လို ရှောင်းကုမ္ပဏီဒေဝါလီခံရလုလုဖြစ်နေချိန်မှာ ရှောင်းဖွားက ကျွန်တော့်ဖိုးဖိုးဆီလာပြီး အကူညီတောင်းခဲ့တယ်လေ သူ့ကုမ္ပဏီလေးမဆုံးရှုံးအောင်ကူညီပေးပါလို့ပေါ့ သူ့ယောက်ျားရဲ့လက်ငုတ်လက်ရင်းမို့ လက်မလွှတ်နိုင်ပါဘူးတဲ့လေ အဲ့ဒါနဲ့ ဖိုးဖိုးကလဲ ဝမ်လုပ်ငန်းစုလက်အောက်ကအခွဲအဖြစ်သွင်းပြီး လုပ်ငန်းကို ပြန်လည်ပတ်ပေးခဲ့ရတာ ပြောရရင်တော့ သူတို့အပိုင်သိမ်းပေမယ့် မအောင်မြင်ခဲ့ပဲ ကျွန်တော့်လက်ထဲရောက်လာတယ်ပေါ့‌ဗျာ အဲ့ဒါကြောင့် အဲ့ဘွားတော်က ကျွန်တော်ဆို ချဉ်တူးလန်အောင်ကြည့်မရဖြစ်နေတာ"

ကိုကိုရေ ရူးပြီ (Complete)Where stories live. Discover now