"ကဲ ရှင်းစမ်းပါဦး ခုနက အဖြစ်အပျက်လေး!"
ဆိုင်ထဲရောက်တာနဲ့ ခုံမှာဝင်ထိုင်ပြီး ခြေချိတ်ကာလက်ပိုက်ထားတာကြောင့် ကျင်းလင်ရော ဖန်းရှင်းပါ အပြစ်သားတွေလို ထိုသူ့ရှေ့ခေါင်းငုံ့ကာဝင်ထိုင်လိုက်ရသည်။
"အဲ့..အဲ့ဒါကလေ..
"ကျင်းလင် .မင်း ပြော!"
ဖန်ရှင်းရဲ့ ထစ်အအစကားကိုသာ နားထောင်နေရရင် ဒီနှစ်ထဲတောင်ပြီးမယ့်ကိန်း မမြင်တာမို့ ကျင်းလင်ဖက်ကိုသာ လက်ညိုးထိုးပြလိုက်ရတယ်။
"ကျွန်တော်တို့ တွဲနေကျတာပါ ရိပေါ်ကော"
"ကြာပြီလား?"
"ဒီနေ့က 1 year anni ပါ"
"ဝိုး 1 year !! ကျင်းလင်တို့ လက်သွက်ချက်များနော် ဖန်ရှင်း! ဖန်ရှင်း! ငါက ကလေးလေးထင်ထားတာ ဟင်းး ခုတော့..
"ဟို..ဟို အဲ့ဒါ..က
"ထားပါ ဘာမှဖြေရှင်းမနေနဲ့ ငါသိသွားတာလဲ ဘာမှစိတ်ထဲထားမနေနဲ့ နေမြဲတိုင်းနေ အဓိက ကျင်းလင် မင်းအမေပဲ ဖန်ရှင်းဖက်ကပြဿနာမရှိပေမယ့် မင်းအမေက ဘာဘာညာညာဆိုရင်တော့ ငါက မင်းကို ဘယ်လောက်ခင်ခင် ငါ့ညီနဲ့သဘောမတူနိုင်ဘူးနော် ဒါက အရှင်းဆုံးပြောပြထားတာ"
"ဟုတ် ကျွန်တော်သိပါတယ် ရိပေါ်ကော စိတ်ချပါ"
"ပြီးရော ငါပြန်ပြီ"
ပြောစရာရှိတာ ပြောပြီးတာနဲ့ ကျောပိုးအိတ်ကိုလွယ်ကာ ဆိုင်ထဲကထွက်လာခဲ့လိုက်တယ်။
တကယ်ဆို ဒီနေ့က အမှတ်မထင် ဒီအတွဲနဲ့တိုက်ဆိုင်သွားတာ။သူတို့ပဲကံဆိုးတာလား ကိုယ်ကပဲကံဆိုးတာလားတော့မသိ။စာမေးပွဲကြီးနီးမှ စာမေးပွဲပြန်ဖြေပါလုပ်လာတဲ့ လူကြီးကြောင့် ဝမ်ရိပေါ်တစ်ယောက် ကျောင်းကို အပြေးအလွှားလာကာ ကျောင်းပြန်အပ်ပြီး စာမေးပွဲဖြေဖို့တွေပါ လုပ်ရတော့တာ။တခြားကျောင်းသားဆို ဒီနှစ်အတွက် စာမေးပွဲဝင်ဖြေဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ကိစ္စဆိုပေမယ့် ဝမ်ရိပေါ်အတွက်တော့ နည်းနည်းလေးအလုပ်များသွားတာကလွဲရင် မဖြစ်နိုင်တဲ့ကိစ္စတော့မဟုတ်ပေ။ဝမ်ဖိုးဖိုးရဲ့နာမည်လေးတော့ သုံးလိုက်ရတာပေါ့။
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။