"နင်!..နင် မဟုတ်တာတွေ ငါ့လာမစွပ်စွဲနဲ့!!"
ဒေါ်ချိန်လီရဲ့အော်ဟစ်သံကြောင့် ပြောနေတဲ့အိမ်အကူလေးခမျာ ခေါင်းလေးငုံ့သွားပြီး..
"သက်သေရှိဖို့တော့လိုတယ် ကလေးမ ပါးစပ်က ဒီလိုဖြစ်တာပါလိုပြောရုံနဲ့တော့ အကိုတို့က တရားခံပါလို့ သတ်မှတ်လို့မရဘူး"
"...ဒါဆို ခနလေးပါရှင့်"
အိမ်အကူလေးက ခနမျှတွေကာရပ်နေပြီးမှ အိမ်အတွင်းထဲကို အပြေးဝင်သွားတော့တယ်။တအောင့်မျှကြာပြီးနောက်..
"ဒီမှာပါ..ဒါ သူပေးခဲ့တဲ့ အဆိပ်ထုတ်ပါ ဒါက လုပ်ပေးခပေးတဲ့ ငွေပါ"
"မဟုတ်..မဟုတ်ဘူး ငါလုပ်တာ မဟုတ်ဘူး!!!"
စိတ်လွတ်လက်လွတ်အော်ဟစ်နေတဲ့ ဒေါ်ချိန်လီ့ကို ကြည့်ရင်းက..
"ခြံဝမှာ cctv ရှိတယ်မလား အဲ့ဒါဆို သူဘယ်အချိန်ပြန်လာလဲဆိုတာ ကြည့်လိုက်ရင်သိရမှာပဲ"
"မရှိဘူး!"
ပြန်ဖြေသူက ရှောင်းကျန့်။
"ရပါတယ် ကောတို့ခြံမှာမရှိလဲ ကျွန်တော့်ခြံရှေ့မှာရှိတယ် ဘေးခြံနှစ်ခြံရော ရှေ့ခြံတွေကိုပါမြင်ရတဲ့ cctv"
ဧည့်ခန်းထဲမှာ ဘာမှဝင်မပြောပဲတိတ်ဆိတ်နေတာကတော့ ကျင်းလင်နှင့် ဦးကျင်းဟန်သာရှိသည်။
"ပါဝင်တဲ့အဆိပ်နဲ့ခုရတဲ့အဆိပ်ကို တူ မတူစစ်ဆေးပြီးတာနဲ့ အရေးယူဖို့ကို ဆက်လက်ဆောင်ရွက်ပေးပါ့မယ် လိုအပ်တာတွေကိုတော့ ဒီကလူကြီးမင်းများကိုပဲ အကူညီတောင်းပါရစေ"
"ဟုတ်ကဲ့ စခန်းမှူးကြီး တာဝန်ရှိသလိုသာဆက်လက်ဆောင်ရွက်ပေးပါ"
ဒေါ်ချိန်လီကို ငယ်သားနှစ်ယောက်ထိန်းသိမ်းကာ သူတို့စီးလာတဲ့ကားပေါ် နှစ်ယောက်ညှပ်လို့ခေါ်ဆောင်သွားတာနဲ့..
"ကျွန်တော်တို့ကို ခွင့်ပြုပါဦး"
"ဟုတ်ကဲ့"
______________"သား!"
"ကျွန်တော့်ကို နားခွင့်ပြုပါ"
ဦးကျင်းဟန်က ခေါ်လိုက်ပေမယ့် ကျင်းလင်ကတော့ ထိုင်နေသူအကုန်လုံးကို နှုတ်ဆက်ကာ အပေါ်ထပ်ကိုတက်သွားတာမို့..
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။