17

971 35 0
                                    

"ဟာ ဒေါက်တာကိုကို?"

"တစ်ယောက်ထဲလား ငါ့ညီ?"

"မဟုတ်ဘူး ကော ဟိုမှာ အမွှေစိန်တွေပါတယ် ကောညီရော ဟိုမှာလေ ကတာမှကွေးနေရော ကျင်းရီလဲ ဒီလိုပဲလေ ရိပေါ်ကောကတော့ အကြီးဖြစ်ပြီး စင်ပေါ်တက်ကနေတာ ကော တွေ့တယ်မလား?"

ဖန်ရှင်းက သူ့အပေါင်းအပါတွေကိုပါ လက်ညိုးညွှန်ပြလို့ ခုမှ အားကိုးရသွားသလို သူအနိုင်ကျင့်ခံနေရပါတယ်ဆိုတာကို သူ့အစ်ကိုကို တိုင်သလိုကို တရစပ်တိုင်နေတော့တာကြောင့်..ရှောင်းကျန့်ပြုံးလိုက်မိရင်း..

"အေးလေကွာ ကလေးကို တစ်ယောက်ထဲထားပြီး အကြီးတွေက ကဲနေရတယ်လို့"

"အဲ့ဒါပြောတာပေါ့ ဒေါက်တာကိုကိုရယ် ပြောတော့ ကျွန်တော့်ကို အငယ်ဆုံးလေး သိပ်မသောက်နဲ့တဲ့လေ ဘာမှမဟုတ်ဘူး ကျွန်တော်ပါမူးရင် သူတို့ကို အိမ်ပြန်ပို့မယ့်သူမရှိမှာစိုးလို့ အဲ့စကားက လူကြားကောင်းအောင် ပြောနေကျစကား သိလား!"

နှုတ်ခမ်းလေးစူကာ တတွတ်တွတ်နဲ့တိုင်နေတဲ့ ကောင်ငယ်လေးကိုကြည့်ရင်း ရှောင်းကျန့် အသဲယားလာမိတယ်။

အားလုံးကို မနက်ဖြန်မှ ချုံချင်းကပြန်လာမယ်ပြောထားပေမယ့် သူငယ်ချင်းလူကြုံကလဲ ပေကျင်းပြန်မှာမို့ သူ့ကားနဲ့လမ်းကြုံလိုက်လာခဲ့တာ။အိမ်‌ရောက်ပြီးကာမှ သူငယ်ချင်းက ညစာထွက်စားမယ်လိုက်ခဲ့ပါဆိုလို့ လိုက်လာရင်း ဒီ Bar ကို ရောက်လာခဲ့ခြင်းဖြစ်သည်။

ခုလဲစားသောက်ပြီး ပြန်မယ်ဆိုကာ ထလိုက်ပြီးမှ စင်ပေါ်ကငကဲကောင်ကိုတွေ့လို့ သူငယ်ချင်းကိုပြန်လွှတ်ပြီး မျက်လုံးဝေ့ကာရှာလိုက်တော့ တွေ့ပါပြီ စားပွဲတစ်လုံးမှာ စူပုတ်ပုတ်ထိုင်နေတဲ့ ဖန်ရှင်းကြောင့် စကားရောဖောရှောလာလုပ်နေမိတာ။

"၃ယောက်လုံး မူးနေကျတာ ဖန်ရှင်းက အကုန်လုံးကိုနိုင်ပါ့မလား?"

"ကျင်းလင်နဲ့ကျွန်တော်က ဒီည ကျင်းရီအိမ်လိုက်အိပ်ကျမှာ ကျင်းလင် ဒီလောက်မူးနေပုံနဲ့ အိမ်ပြန်ရင် ဒီကောင်အဗျင်းခံရမှာ ဒါကြောင့် အစတည်းက သူ့အမေကို ကျင်းရီဆီအိပ်မယ်ကြိုပြောထားခဲ့တာ"

ကိုကိုရေ ရူးပြီ (Complete)Where stories live. Discover now