"ဝမ်အမ်း! ဘယ်လိုဖြစ်တာလဲ?"
ဝမ်ပါးပါးဆေးရုံရောက်တယ်ဆိုတာ ကြားကတည်းက ကျန်းချန်တာဝန်ကျတဲ့ ward ကနေအပြေးလာခဲ့တာ ဒီရောက်တော့ အခန်းရှေ့တင် ဝမ်ရိပေါ်နဲ့တန်းတိုးလို့ နှုတ်ဆက်လိုက်တော့...
"ကျွန်တော့်ကြောင့် သွေးဆောင့်တိုးသွားလို့..ဟဲဟဲ"
ဖအေတစ်ယောက်လုံးအရေးပေါ်ဖြစ်နေတာတောင် တဟဲဟဲလုပ်နေတဲ့ အကောင်ကြောင့် ကျန်းချန်မျက်လုံးသာ ပြူးပြလိုက်တော့တယ်။
"မင်း ဘာသွားလုပ်လိုက်ပြန်ပြီတုန်း?"
"ပါးပါးလေးပါဗျာ အခန်းထဲသွားမှာမလား သွားသွား! ခုနလေးတင် ကိုကိုကလဲအော်ထားတာ"
နောက်ဆုံးစကားစုကိုတော့ တိုးတိုးလေးပြောတာမို့ စိတ်တော့မကောင်း။ဒါပေမယ့် ဒီကောင်ကလဲ ရှောင်းကျန့်မှသာ လူထင်တဲ့ကောင်။ခုလဲ သူ့ယောက်ျားဆေးရုံကိုပဲ ဖအေကိုခေါ်လာပြီး VIP ခန်းထဲထည့်ထားလို့ သူကတော့အပြင်ထွက်နေသတဲ့။
"သွေးကျဆေးရော သွေးကျဲဆေးပါထိုးပေးထားပါတယ် နှလုံးဆေးကိုတော့ လူနာနိုးလာမှပဲတိုက်ပါ့မယ် ခေါင်းကိုက်တယ်ဆိုရင်တော့ ဒီဆေးလေးပါတိုက်ပေးပါ"
"အင်း"
တာဝန်ကျဆရာဝန်ရဲ့စမ်းသပ်မှု့ပြီးမှ သူမှာတာတွေသေချာလိုက်နားထောင်ပြီး ရှောင်းကျန့်ဆေးတွေပါလိုက်မှတ်နေရတယ်။
"ရှောင်းကျန့်!"
"အားချန်? လာလေ သား"
ကိုယ်ခေါ်တာက ရှောင်းကျန့်ကိုဆိုပေမယ့် ဝမ်အမ်းမေလေးကတွေ့သွားပြီး လှမ်းခေါ်တာမို့ အခန်းထဲဝင်လိုက်ရင်း..
"ဦးလေး ဘယ်လိုနေသေးလဲ?"
ရှောင်းကျန့်အနားကပ်ခါမေးလိုက်တော့..
"အိပ်ပျော်နေတာ"
"အပြင်မှ ဝမ်အမ်းတစ်ယောက်ပျာနေတာပဲ"
"လွှတ်ထားလိုက်!"
ဒီလောက်လေသံဆို ရှောင်းကျန့်တော်တော်စိတ်ဆိုးနေတာဖြစ်မယ်။ပျာနေတယ်ဆိုကလဲ သူ့လင်စိတ်ဆိုးလို့ပျာနေတာ ဖအေနေမကောင်းလို့ ပျာနေတယ်မထင်လိုက်နဲ့ဦး။
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။