နောက်ကြောင်းပြန်ခြင်း..
ဝမ်မင်းဟန်နဲ့ကျန်းမေရီဆိုတာ တက္ကသိုလ်တက်ဖက် သူငယ်ချင်းတွေ။သူငယ်ချင်းလို့ဆိုပေမယ့် ကျန်းမေရီကတော့ ဝမ်မင်းဟန်ကို သူငယ်ချင်းထက် အဆင့်ပိုနေတာကတော့ လူမသိသူမသိဖြစ်ရပ်လေးတစ်ခု။
တနေ့ ကျန်းမေရီရဲ့ အသက်၂၀ပြည့်မွေးနေ့။ကိုယ်ပိုင်ခြံထဲမှာ ကျင်းပတဲ့မွေးနေ့ပွဲလေးက လူချမ်းသာသားသမီးတွေနဲ့ တကယ့်ကိုမှ ခမ်းခမ်းနားနား။မွေးနေ့ရှင်လေးကလဲ ပျော်လို့ရွှင်လို့ပေါ့။
"မင်းဟန်! လာ ငါက နင် လာမှလာပါ့မလားလို့"
"ရော့ Happy Birthday ပါ မေရီ"
"လူလာရင် ရပါပြီဟ လက်ဆောင်မလိုပါဘူး"
"ခု နင်လက်ခံလိုက်ပြီပဲဟာ"
"အင်း နင်ပေးတာမို့လို့"
လက်ဆောင်ဘူးလေးကိုကိုင်ကာ အရောင်တဖျပ်ဖျပ်လက်နေတဲ့ မျက်ဝန်းတွေက တစုံတခုကို မျှော်လင့်နေသယောင်။
"မမ ကိတ်ခွဲရအောင်တဲ့ ပါပါးက"
"အော် အေးအေး ဟွားလေး"
"သူက"
ကိတ်ခွဲဖို့လာခေါ်တဲ့ ညီမငယ်ပေါ်ကြည့်တဲ့ ချစ်ရသူရဲ့မျက်ဝန်းတွေက အရည်တွေရွှန်းလဲ့နေသလိုပဲမို့ မေရီ့မှာ ညီမလေးနဲ့ မိတ်ဆက်ပေးဖို့ကိုတောင် နောက်တွန့်သွားမိတယ်။
"ဟယ် မေဟွား! ဒီနေ့ အရမ်းလှနေပါလား"
အနားရောက်လာတဲ့ အန်တီစီစီရဲ့ စကားသံကြောင့် မေရီရှောင်ထွက်ဖို့လမ်းစရကာ..
"မင်းဟန် လိုက်ခဲ့လေ ကိတ်သွားခွဲရအောင်"
"ငါ မလိုက်တော့ပါဘူး"
"မရပါဘူး လာ လာပါဟာ"
လက်နှစ်ဖက်နဲ့ ဝမ်မင်းဟန်ရဲ့ လက်ကောက်ဝတ်ကို အတင်းဆွဲလို့ ကိတ်ခွဲတဲ့ဆီခေါ်လာခဲ့ကာ ပါးနဲ့မားကိုပါ မိတ်ဆက်ပေးလိုက်မိတယ်။သူငယ်ချင်းဆိုပြီးတော့ပဲပေါ့။
--------------
"ဟွားဟွား!"
"အကို!"
"စောင့်လိုက်ရတာ ဟွားရယ်"
"အယ် ဘာလို့လဲ မမကို မှာစရာရှိလို့လားဟင် မမ ကျောင်းမတက်ဘူးလား အကို"
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။