"ပြန်လာပါပြီ"
"မြေးတောင် ပြန်လာပြီပဲ"
"ဟုတ် ဖွား"
ဧည့်ခန်းထဲထိုင်နေတဲ့ ဖွားအနားသွားထိုင်လိုက်တော့..
"အလုပ်ထဲအဆင်ပြေရဲ့လား မြေး"
"ပြေပါတယ် ဖွား အလုပ်ကစဝင်ဝင်ချင်းဆိုတော့ နည်းနည်းပင်ပန်းလာတာပါ"
"အော် ဟုတ်တယ် သွား သွား သွားနားချေ ထမင်းစားချိန်နီးမှ ဖွား ခေါ်ခိုင်းလိုက်မယ်"
"ဟုတ်ကဲ့ ဖွား ဒါဆို သား ခနနားလိုက်ဦးမယ်နော်"
"အေး အေး ရေသောက် ခနနားပြီးမှ ရေချိုးနော် မြေးလေး"
"ဟုတ် ဖွား"
ဖွားကိုပြောပြီးတာနဲ့ အပေါ်ထပ်အခန်းဆီတက်လာလိုက်တော့တယ်။ဒါတွေကြောင့် ရှောင်းကျန့် တိုက်ခန်းဆီ ပြောင်းနေချင်တာ။ဟိုမှာဆို ပြန်လာတာနဲ့ အိတ်ပစ်ချပြီး ဆိုဖာပေါ်လှဲအိပ်လိုက်လဲ ဘယ်သူမှပြောမယ့်ဆိုမယ့်သူမရှိ။ဒီမှာရော ရှိလားဆိုတော့ ရှိတော့မရှိပေမယ့် လူကြီးသူမတွေရှိတဲ့အိမ်မို့ အရိုအသေတန်အောင်တော့ နေလို့မရဘူးလေ။ကိုယ့်အတွေးနဲ့ကိုယ်ခေါင်းငုံ့လို့ လှေကားတက်မလို့ လုပ်တုန်း..
ဒုန်း ဒုန်းး
အ့!!"ဟာ ရှောင်းကျန့်ကိုကြီး sorry sorry ပါနော်!"
"ဘယ်လိုဖြစ်လာတာလဲ ကျင်းလင်ရယ်"
အပေါ်ထပ်ကနေ ရှေ့မကြည့်နောက်မကြည့်တဒုန်းဒုန်းပြေးဆင်းလာတဲ့ ကျင်းလင်နဲ့ဝင်တိုက်မိတာမို့ ရှောင်းကျန့်မှာ လှေကားရင်းတင် ဖင်ထိုင်ရက်ကျရသည်။တော်ပါသေးရဲ့ လှေကားအပေါ်ကမကျလို့။
"ဟီးး ကျနော် အပြင်သွားမလို့ အဲ့ဒါ မားပြန်မလာခင်သွားမှ ရစ်မခံရမှာမို့ အပြေးဆင်းလာတာနဲ့ ရှောင်းကျန့်ကိုကြီးကို မမြင်လိုက်မိတာ sorry ပါနော်"
"အေးပါ ငါလဲ အောက်မှာပဲမို့ အပေါ်ဆုံးကသာတိုက်ချခံရရင် ကျိုးမလား သေမလား တခုခုပဲနော်"
"ဟီးး"
ဘာမှပြန်မပြောပဲ သွားဖြီးရီပြနေတဲ့အကောင်ကို ကြည့်လိုက်မိတော့ ဝတ်ထားတာကလဲ ဟိုဖက်အိမ်ကအကောင်လို သံကြိုးတွေနဲ့ရှုပ်ရှပ်ကိုခတ်လို့ အနံ့တွေကလဲ တထောင်းထောင်းနဲ့ရယ်။
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။