ကျွီးးးးး!!
"ဟာ! ဘယ်လိုလူလဲ သေချင်ရင် ဆွဲကြိုးချသေ! သူများဒုက္ခရောက်..ရောက်..ရှောင်းကျန့်!!"
"ရိပေါ် !"
အိမ်နားရောက်ခါနီးတာရယ် အိမ်ယာဝင်းထဲမှာဖြစ်တာရယ်ကြောင့် ဆိုင်ကယ်အရှိန်လျော့ထားလို့ တော်ပါသေးတယ်။မဟုတ်ရင် ဒီလူ ကျိုးရင်ကျိုး မကျိုးရင်ကွဲတယ်။ခေါင်းပြောပါတယ်။
"ဘာလဲ? ဘာဖြစ်လာတာလဲ! ကလေးလား! ဟမ် အပြေးအလွှား ထွက်လာရအောင်!"
Helmet ကို ဆွဲချွတ်ပြီး ဆောင့်ဆောင့်အောင့်အောင့် မေးမိလိုက်တော့..
"ကော ရိပေါ်ကို တွေ့ချင်လို့ ပြေးထွက်လာလိုက်မိတာ"
"ပြော! ဘာပြောမှာလဲ ပြော!!"
အဖြေစကားကို သဘောတွေ့လိုက်ပေမယ့်လဲ ဒေါသက အရှိန်မသေသေးတာမို့ နှုတ်ဖျားကလေသံမာမာနဲ့ အကန်တွေချည်းပြောမိတော့လဲ..
"ဟို..ဟို..
"ဟေ့လူ ပြောမယ်ဆိုလဲ မြန်မြန်ပြောလေ!"
"ရိ..ရိပေါ်ကို ကော ချစ်တယ်လို့ ပြောမလို့ပါ"
"ဘာ!!!"
အံ့အားသင့်လွန်းလို့ ဆိုင်ကယ်ကြီးခွထိုင်ပြီး သတိလစ်နေတုန်း ရှေ့ကလူက ထွက်ပြေးဖို့ပြင်နေတာမို့..အမြန်အဆန်လှုပ်ရှားလိုက်ရတယ်။
"နေဦး!!"
လက်တစ်ဖက်ကိုဖမ်းဆွဲလိုက်တော့ အလောတကြီးပြေးဖို့ပြင်နေတဲ့သူက သူ့အရှိန်သူမထိန်းနိုင်ပဲ ဝမ်ရိပေါ်ရင်ခွင်ထဲပစ်ဝင်လာတော့..
"အင့်!"
"အ့!"
"ဟဲ့! ဒါက ဘယ်လိုဖြစ်နေကျတာလဲ အမလေး! အမလေး! လူမြင်လို့မှမကောင်း ခြံရှေ့ကြီးမှာဖြစ်ပျက်နေတာ!"
နှုတ်ခမ်းတလန် ပန်းတလန်နဲ့ ဘာမဟုတ်တာကို ပုံကြီးချဲ့ကာပြောနေတဲ့ ရှောင်းကျန့်အဒေါ်ကြောင့် အငေါ်တူးကာ ကန့်လန့်စကားပြန်ပြောလိုက်တော့..
"လူမြင်မကောင်းရအောင် ကျုပ်တို့က ဘာလုပ်နေလို့လဲ!"
"နင်တို့ဖြစ်နေတာ နင်တို့မမြင်ဘူးလား တကယ်ပါပဲတော် ကျန့်ကျန့်ရယ် တီလေးက ငါ့တူလေး ပညာတတ်လှပြီမှတ်နေတာ ခုတော့ ဟင်းး.လုပ်ရပ်က ဦးနှောက်မရှိလိုက်တာ"
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။