"ခုကရော ချိန်းပွဲပဲလား?"
"ဘယ်ကသာ ဒီတခါ သူတို့ဖက်ကစတဲ့ပွဲ"
လက်က ဒဏ်ရာကို ဆေးရုံဓာတ်မှန်လာရိုက်ပါလို့မှာခဲ့တာက ရှောင်းကျန့်။ခု ဒုက္ခလာပေးတော့ ကိုယ့်ဆီဖြစ်နေတာမို့ ညီဖြစ်သူကို ကြည့်ရင်း ဟိုက်ခွမ်းပြုံးလိုက်မိတယ်။
"ဟိုလူကရော!"
"သူ့တွေ့ချင် သူ့ဆီသွားလေ"
"ဘယ်..ဘယ်သူက တွေ့ချင်တယ် ပြောလို့လဲ! သူခေါ်ထားလို့ မေးကြည့်တာလေ"
"ခုလဲ ကော လုပ်ပေးနေတယ်လေကွာ"
"ညက ဒဏ်ရာကို သူကြည့်ပေးထားတာ.မို့..ပါ"
"အော် အေး အေး"
အစ်ကိုက ဓာတ်မှန်သေချာရိုက်လို့ ပတ်တီးစည်းပေးနေတာတောင် ကျေးဇူးတင်စကားတစ်ခွန်းမပြောပဲ သူ့ဟာကိုပဲမျှော်နေတဲ့ ရှေ့ကဟာလေးကို နရင်းကြီးသာ ပိတ်ပိတ်တီးပစ်လိုက်ချင်စိတ်ကို ဟိုက်ခွမ်း မနည်းမြိုသိပ်ထားရတယ်။ငါနော်။
"ရှောင်းကျန့်က ခွဲခန်းဝင်နေရတယ်လေ ဒါကြောင့်"
"ဪ"
"ရိပေါ် ရောက်နေတယ် ဆို"
ခွဲခန်းဝတ်စုံတောင်မလဲနိုင်ပဲ ရုံးခန်းထဲအပြေးရောက်လာသူကြောင့် ဟိုက်ခွမ်းတစ်ချက်ပြုံးလိုက်ရင်းက..
"အင်း လာလေ ရှောင်းကျန့်"
လက်က စည်းလက်စပတ်တီးကို မြင်လိုက်တော့မှ ကိုယ်ရှိန်သတ်လိုက်ခါ ..
"ဟို..စီနီယာ လုပ်ပေးပြီးရင်လဲ.."
"မရဘူး ခင်များ လာလုပ်ပေး!"
"ဟမ်!"
"ညတည်းက ခင်များ တာဝန်ယူလုပ်ပေးထားတာလေ ခုလဲ ခင်များပဲ တာဝန်ယူပေး"
"အမ်!"
အတင်းတွေ တာဝန်ယူခိုင်းနေသူကြောင့် ရှောင်းကျန့်မှာ စီနီယာရှေ့ ဘာပြောလို့ပြောရမယ် မသိဖြစ်နေရတယ်။
"ဟမ်တွေ အမ်တွေ လုပ်မနေနဲ့! ရော့ ပြန်လုပ်ပေး!"
စီနီယာက ပြုံးပြီးခေါင်းညိမ့်ပြနေတာမို့..
"ငါ..ငါ့ရုံးခန်းထဲ လိုက်ခဲ့"
"ပြီးရော ကော ကျွန်တော်သွားပြီနော်"
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။