'ဝမ်ရိပေါ်! ကောပါ'
'ကော?..ကျန့်ကော'
'အင်း'
တစ်ဖက်က ဘယ်သူဆိုတာ အသိမှတ်ပြုပြီးတာနဲ့ ဖုန်းပြောခြင်းဟာလဲ တိတ်ဆိတ်သွားတယ်။
'ရိပေါ်!'
'ဟုတ် ကျွန်တော် ဖုန်းကိုင်ထားတယ်'
'ဟို.ကော.ကော တောင်းပန်ချင်လို့ပါ'
'ဘာကို!... အာ ရပါတယ်'
တကယ့်တကယ်ဆို ဒါဟာလုံးဝမဖြစ်နိုင်တဲ့အရာပါ။ဝမ်ရိပေါ်ဆိုတာ အမြဲ သူများမျက်ခုံးမွှေးပေါ် စင်္ကြန်လျှောက်ခဲ့တဲ့ကောင်။ဒါမျိုးလာကျောလို့ကတော့ မျက်ခွက်စုတ်ပြီးသားပဲ။ခုက သိပ်ချစ်ရတဲ့ကော ဖြစ်နေလို့သာ။
'မဟုတ်တာ ကော တောင်းပန်ချင်ပါတယ် အနူးအညွတ်..ဘယ်လိုတောင်းပန်ရမလဲဟင်?'
'ရပါတယ် ကောရဲ့'
'မနက်ဖြန်..မနက်ဖြန် ကော အားတယ် ရိပေါ်နဲ့တနေရာရာသွားကျမယ်လေ ဘယ်သွားချင်လဲ အေးဆေးစကားပြောလို့ရမယ့် တနေရာရာချိန်းလေ နော် ကောက ဒီကနေရာတွေ သိပ်မရင်းနှီးလို့'
'အာ အဲ့လိုလုပ်ချင်တာလား?'
'အင်း'
'ဒါဆိုလဲ ကော်ဖီဆိုင်ထိုင်ကျမယ်လေ ဖြစ်မလား?'
'အင်း အင်း လိပ်စာပို့ပေးထားနော် ကော လာခဲ့မယ်'
'ဟုတ် ကော'
ဖုန်းချပြီးတာနဲ့ လေထဲကို လက်သီးတွေပစ်သွင်းပစ်လိုက်တယ်။
ရေးးးး!!!
အဆင်ပြေချင်တော့လဲ ချက်ချင်းကြီးကိုနော်။ဝမ်ရိပေါ်တို့ ကံဇာတာတွေတက်နေပုံများတော့နော်။ဟားးးး ဟားးး ဟားးး
_____________"ကော! ကျွန်တော် ဒီမှာ!"
ဆိုင်ထဲရောက်တာနဲ့ ပတ်ချာလည်ရှာနေတဲ့ ကောကို ရိပေါ် လက်လှမ်းပြလိုက်တယ်။
"ရောက်နေတာကြာပြီလား ကော နည်းနည်းနောက်ကျသွားတယ်"
"ရတယ် ကျွန်တော်လဲ သိပ်မကြာသေးပါဘူး ဘာသောက်မလဲ ကော"
"အာ.. latte"
စားပွဲထိုးလေးကိုလက်ယပ်ခေါ်လိုက်ပြီး ..
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။