"ခုချိန်မှာ ဘယ်သူခတ်တယ် မခတ်ဘူးဆိုတာထက် ကျွန်မယောက်ျားကတော့ အဆိပ်မိသွားရပြီ အဲ့တော့ ကျွန်မအမှု့ဖွင့်မယ် အကိုကြီး!"
ငြင်းလဲမရတော့ရော မနိုင်,နိုင်တာနဲ့ကိုင်ပေါက်လာတဲ့ ဒေါ်ချိန်လီ့ကို အားလုံးက မျက်လုံးပြူးပြီးသာငေးကြည့်နေလိုက်ကျတယ်။
"တားမရလဲစွဲပေါ့ နောင်ဖြစ်လာတော့လဲ နောင်မှရှင်းကျတာပေါ့"
"ကျွန်တော်တို့ကို ဝင်ခွင့်ပြုပါ ခင်ဗျ!"
ရှောင်းပါးရဲ့ လေသံအဆုံးမှာတော့ အိမ်ပေါက်ဝဝင်ခွင့်တောင်းသံကြောင့် လူအားလုံရဲ့အကြည့်တွေက ထိုသူတွေဆီရောက်သွားတော့တယ်။
"ရဲတွေ!"
"ကျွန်တော်က ဒီမြို့နယ်မှာတာဝန်ကျတဲ့ စခန်းမှူးပါ"
"ဟုတ်ကဲ့ အိမ်ထဲကိုကြွပါ ခင်ဗျ ဘာအကြောင်းကိစ္စများ.."
ကိုယ့်အမှု့တောင်ရှင်းလို့က မပြီးသေးဘူး အမှု့စစ်တွေရောက်လာတာကြောင့် အားလုံးက မျက်စိပျက် မျက်နှာပျက်နဲ့။
"ဒီအိမ်က ဒေါ်ရှောင်းရီကို လက်ဝတ်ရတနာအတုရောင်းဝယ်မှု့နဲ့ အမှု့ဖွင့်ထားလို့ လာရောက်ထိန်းသိမ်းတဲ့သဘောပါ ဒီမှာသက်သေခံပစ္စည်းတွေနဲ့ လူကို ၃၆နာရီထိန်းသိမ်းဖို့ အမိန့်စာပါ"
စခန်းမှူးဆိုသူက သူ့တာဝန်ကိုရှင်းပြကာ..
"ဘာ!!!"
"ဘာဖြစ်ကြတာလဲ? သားကြီး!"
ရှောင်းဖွားက တနေ့ကပြဿနာဖြစ်ပြီးတည်းက နေလို့သိပ်မကောင်းတာကြောင့် ရှောင်းကျန့်က အားဆေးရော အိပ်ဆေးပါပေးထားတာကြောင့် ခုမှပဲ အောက်ကိုဆင်းလာနိုင်တာဖြစ်မည်။
ရှောင်းရန်တို့ရောက်နေတာလဲ အမေကခုမှသိကာ အောက်ဆင်းလာတာနဲ့ ဧည့်ခန်းမှာ ယူနီဖောင်းဝတ်တွေကိုပါ တွေ့လိုက်တာမို့ အထိတ်တလန့်မေးနေတာကြောင့်...
"ဘာမှမဖြစ်ပါဘူး အမေ ဒါကျွန်တော်တို့ အမေပါ အမေ လာထိုင် လာ!"
ရှောင်းပါးက ပြောပြောဆိုဆိုနဲ့ သူ့အမေကို လှေကားရင်းကသွားတွဲလို့ ဧည့်ခန်းဆီခေါ်လာလိုက်သည်။
YOU ARE READING
ကိုကိုရေ ရူးပြီ (Complete)
Fanfictionကိုကိုရေ အချစ်ဆိုတာဟာ ဒီလိုလား။ဒီလိုဆို ချစ်မယ် ချစ်တယ် ကိုကို့ကိုပဲ။