Intro

2.6K 106 9
                                    

Associated Name-穿成反派炮灰雄虫后[虫族]
Author-牧粮人
Genre - Comedy,Fantasy,Romance,Sci-fi,Yaoi.

Description

လု့​​​မော့ သည် ဇာဂ့်ဝတ္ထုတစ်ခုထဲသို့ ကူးပြောင်းခံလိုက်ရပြီးနောက် အမြှောက်စာ ​ဇောဂ့်အထီးဇာတ်ကောင်အဖြစ် သရုပ်ဆောင်ရန်နှင့် လုံးဝ OOCမဖြစ်ရန် တောင်းဆိုခံခဲ့ရသည်။ 

မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ရက်စက်ပြီး ဥာဏ်ရည်နိမ့်ကာ အလွန်ပျင်းရိလေသည်။ 

လု့မော့မှာ တောင်းဆိုချက်တစ်ခုစီတိုင်းကို လိုက်နာခဲ့ရပြီး ဇာဂ့်အမ၏ ပို၍ပို၍ မလှုပ်မရှားနိုင်ဖြစ်လာသော မျက်နှာကို ကြည့်နေရင်း သူ့နှလုံးသားထဲ၌ အပြစ်ရှိစိတ်များ ပြည့်နှက်သွားကာ နာကျင်လာရသည်။ 

ငါ့လိုမျိုး အလကားကောင်နဲ့ဆုံရတဲ့အတွက် တကယ် စိတ်မကောင်းပါဘူး!!!

အစပိုင်းတွင် ဇာဂ့်အမမှာ ကွဲကြေနေသောနှလုံးသားတစ်ခု ရှိနေပြီးသားဖြစ်မည်ဟု တွေးခဲ့မိသော်လည်း သူ အိပ်မက် မက်ရာမှ နိုးလာချိန်မှစ၍ ထင်ယောင်ထင်မှားဖြစ်မှုများကို စွန့်လွှတ်လိုက်ကာ လက်တွေ့ကို ရင်ဆိုင်ခဲ့ပြီးနောက် တည်တည်ငြိမ်ငြိမ်နှင့် စဉ်းစားချင့်ချိန်နိုင်သော ဇာဂ့်တစ်​ကောင် ဖြစ်လာခဲ့လေသည်။ လု့မော့၏ နှလုံးသားက နာကျင်နေသော်ငြား အလုပ်ကိုသာ အလွန်အာရုံစိုက်လုပ်ဖြစ်၍ လုံးဝကိုအသည်းမာသည်။ 

သို့သော် ဇာဂ့်အမသည် ‌စောင်တစ်ထည်ကို ပိုက်လျက် သူ့အခန်းထဲကို ရောက်လာကာ နီရဲရဲမျက်နှာလေးနှင့် သူ့အား ခေါ်လာစဉ်... လု့မော့ ၏နှလုံးသားက တဒုတ်ဒုတ် မြည်လာလေတော့သည်။ 

‌‌သောက်ကျိုးနည်း! ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

__

လင်းသည် ထိုကဲ့သို့ ထူးဆန်းသော ဇာဂ့်အထီးတစ်ကောင် ကို တစ်ခါမှ မတွေ့ဖူးပါချေ။

အထီးက သူ့ကို မုန်းတယ်ဟု ပြောသော်လည်း ဥတစ်လုံး ပေးလာသည်။ 

အထီးက ပျော့ညံ့ပြီးအသုံးမကျသော သူ့ကို ဆဲရေးတတ်သော်လည်း သူ့ကို လွတ်လပ်ခွင့် ပေးလာသည်။ 

အထီးက သူ့ကို ချစ်တယ်ဟု တစ်ခါမှ မပြောဖူးသော်လည်း အခြားဇာဂ့်အမများကို လုံးဝ လှည့်မကြည့်ပေ။ 

လင် ရှုပ်ထွေးပြီး ကြောင်အနေမိသည်။ 

သူ့သူငယ်ချင်းက စားပွဲကို ရိုက်လျက် : ဒါက အပြင်ပန်းမှာ ခက်ထန်ပြီး အတွင်းပိုင်းမှာ ချိုမြိန်နေတာမျိုး မဟုတ်ဘူးလား။

လင်းရုတ်တရက် သဘောပေါက်သွားရသည်။

အဲဒါပဲ!

အထီး သခင်မှာ အလွန်ကို ကောင်းသော ဇာဂ့်တစ်ကောင်ပင် ဖြစ်သည်။ 

သုံးနှစ်ကြာပြီးနောက်...

လု့​မော့သည် လင်း အား စိတ်ပျက်နေသည့်အမူအရာဖြင့် ကြည့်လိုက်ကာ: “ဘာပဲဖြစ်ဖြစ်ပါ။ ဖျက်စီးပစ်လိုက်.. မြန်မြန်”

အရမ်း ထူးဆန်းတယ်! သူ့ရဲ့ငါးဆားနူဇာတ်ကွက်က ဘယ်ပျောက်သွားတာလဲ!!!

အပြင်ပန်းတွင် ခက်ထန်‌သော်လည်း အတွင်းပိုင်း၌ ချိုသာသည်ဟု အထင်လွဲခံရသော Gong X ချိုသာပြီး ချစ်စရာကောင်းသော်လည်း တကယ်တမ်းတွင် ပိုင်ဆိုင်လိုစိတ်ကြီးမားတာကို မသိသော Shou 

T/N Novel ပိုင်းကိုအခုမှကိုင်တာမလို့ဖတ်ရအဆင်မပြေတာမျိုးဆိုအားမနာတမ်းဝေဖန်အကြံပြုနိုင်ပါတယ်☺

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်) (စဆုံးပြီး)Where stories live. Discover now