အပိုင်း(၈၀) - Eggs (2)
ကနဦးပိုင်းတွင် စိတ်လှုပ်ရှားပြီးသည့်နောက် စိုးရိမ် ပူပန် ကြောက်ရွံ့မှုများနှင့် လက်တွေ့မဆန်သည့်ခံစားချက်များ နောက်မှ ကပ်ပါလာသည် ။
လု့မော့သည် ဘဝနှစ်ခု နေခဲ့ရပေမဲ့ သူ့အတွက် ပထမဆုံး အကြိမ် အဖေ ဖြစ်လာခြင်းဖြစ်သည် ။
အာ..ဒီနေရာမှာဆိုရင်တော့ သူ့ကို အထီးအဖေ လို့ခေါ်ခံရသင့်သည် ။
သူသည် ကွန်ပျူတာစားပွဲပေါ် တစ်ယောက်တည်း ထိုင်၍နေသည် ။ ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း သူသည် ပန်းချီမဆွဲသလို အော်ပရာလည်း နားမထောင်ပေ ။ အပြင်လောကမှ အမျိုးမျိုးသော ဖိတ်ကြားလွှာများကိုပင် ငြင်းဆိုလိုက်လေသည် ။
၎င်းမှာ အတော်ဖြစ်တောင့်ဖြစ်ခဲ ဖြစ်လေသည် ။
ပြောရရင် လု့မော့သည် ငါးဆားနူတယောက်ဖြစ်သော်လည်း သူ ငြင်းဆိုရသော အချို့အရာများရှိလေသည် ။
ဥပမာအနေဖြင့် မော်သည် သူ့ကို တွေ့သောအခါ အချိန်အကြာကြီး စကားပြော၍နေပြီး နောက်ဆုံးတွင် ပြောလိုက်လေသည် ။
" မင်းနဲ့ မင်းသခင်မတို့ရဲ့နေ့စဉ်ဘဝအကြောင်းကို ငါတို့ vlogလေးရိုက်ဖို့ ဖိတ်ချင်ပါတယ်။ နှစ်ထောင်ပေါင်းများစွာ အစွဲပြုလာခဲ့တဲ့ရိုးရာတွေက ချိုးဖျက်ဖို့ခက်ခဲတယ်ဆိုတာ သင်သိပါတယ်။ ငါတို့ အများကြီးကြိုးစားအားထုတ်ကြပေမယ့် လူအများကြီးရဲ့တုံ့ပြန်မှုတွေကို လိုက် လျောညီထွေအောင်လုပ်ဖို့ ဥပမာတွေအများကြီးပေးဖို့လိုအပ်သေးတယ် "
ရိုးရိုး ပြောရလျှင် အဓိပ္ပါယ်မှာ '' ဥပမာ၏ အစွမ်း "
ပြောရလျှင် လု့မော့သည် ဒီလောကထဲမှာ တစ်ကောင်တည်းသော Sအဆင့် ဇာဂ့်အထီးဖြစ်သည် ။ ( လု့မော့သည် သူ့အဆင့်အမှန်ကို ထုတ်ဖော်မပြပါပေ )
ဇာဂ့်မျိုးနွယ်စုသည် အခက်အခဲရုန်းကန်နေရချိန်တွင် သူ့ဂုဏ်ရည်သည် သာမန်ထက်လွန်ကဲနေသည် ။
အကယ်၍ သူသာ သူ၏ အမသခင်မတို့ နေ့စဥ်ဘဝအကြောင်းကို vlog ရိုက်နိုင်ခဲ့လျှင် ခေတ်ရေစီးကြောင်းတခုကိုပင် အစပြုနိုင်ပေမည် ။

YOU ARE READING
ဗီလိန်အမြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)
Ficção CientíficaAssociated Name-穿成反派炮灰雄虫后[虫族] Author-牧粮人 Genre - Comedy,Fantasy,Romance,Sci-fi,Yaoi. Translated by YMMverse Novel Translation Team Just Fun Translation Crd to oringinal author and eng translator