အပိုင်း (၆၂)

122 11 0
                                    

အပိုင်း-၆၂ (အားလျော့လာခြင်းတိုက်ပွဲ)

လု့မော့က အဆင့်တက်ဖို့အတွက် ဘယ်တုန်းကမှ စိတ်ထဲမထည့်ခဲ့ဘူး။

ဒီဟာကပဲ systemကို အဆုံးမရှိ ပူပန်စေတော့တယ်။ System အနေနဲ့ ဒီလောက် အကောင်းမြင်တတ်တဲ့ host မျိုးကို အရင်က မမြင်ခဲ့ဖူးဘူး။

အရင်တုန်းကဆိုရင် hostတိုင်းက ရည်မှန်းချက် ကြီးမားကြပြီး အားစိုက်ကြိုးစားကြသူတွေချည်းပဲ။ Systemရဲ့ မှတ်ဉာဏ်ထဲမှာ host တစ်ဦးဆိုရင် သေချာကို မှတ်မိသေးတယ်။ ကျင့်ကြံသူကမ္ဘာမှာ အဲ့ဒီ့ hostက အသက်၇နှစ်မှာ ချီကို စတင်လေ့ကျင့်ပြီး၊ ၉နှစ်မှာ အခြေခံအဆင့်ကို ရောက်တယ်၊ အလျင်အမြန်ပဲ အသက် ၁၈နှစ်မှာတော့ ရွှေအမြုတေအဆင့်ကို ရောက်ရှိသွားပြီး အသက်၅၀မှာ ဝိဉာဥ်အခြေတည်အဆင့်ကို မြင့်တက်သွားခဲ့တယ်၊ အမတအဆင့်ကို အသက်၈၀မှာ ရောက်ရှိသွားပြီး နှစ်၁၀၀မှာတော့ ကောင်းကင်ဘုံကို တက်လှမ်းဖို့အတွက် ကြွေလွင့်သွားခဲ့တယ်-

နှစ်၁၀၀လုံးမှာမှ systemနဲ့ အဲ့ဒီ့ hostနဲ့က စကား ၃ခွန်းပဲ ပြောခဲ့ဖူးတယ်။

[ဟယ်လို၊ ငါက သင့်ရဲ့ systemပါ။]

[ဒါတွေက လုပ်ဆောင်ရမဲ့ တာဝန်စာရင်းနဲ့ မဟာဗျူဟာလမ်းညွှန်ပါ။]

[ကောင်းကင်ဘုံကို တက်လှမ်းသွားတဲ့အတွက် ဂုဏ်ပြုပါတယ် host။]


အဲ့ဒီ့နေရာမှာ လု့မော့သာဆိုရင် အသက်တွေ ကြီးရင့်သွားရင်တောင် စတင်ကျင့်ကြံသူအဆင့်ရွာထဲကနေ ထွက်နိုင်လောက်မှာ မဟုတ်ဘူး။

လု့မော့က ဒီစကားကိုတော့ ငြင်းဆိုလိုက်တယ် : [ငါက ၂လအတွင်းမှာပဲ မြင့်မြတ်တဲ့ A အဆင့်  ဇာ့ဂ်အထီး ဖြစ်လာတယ်ဆိုတာကိုတော့ နားလည်ဖို့ မျှော်လင့်တယ်နော်။]

[ကောင်းတာပေါ့!] systemက ဖိပြောလိုက်တယ်၊ systemသာ လူဆိုရင် သေချာပေါက်ကို စိတ်မပါလက်မပါ အမူအယာ ဖြစ်နေလောက်တယ်။ [A အဆင့် ရဲ့အထက်မှာ အဆင့်တွေ ဘယ်လောက်များများ ရှိသေးတယ်ဆိုတာ သိလို့လား?]

လု့မော့က တည်ငြိမ်စွာပဲ မေးလိုက်တယ်၊ [ပြောပြပါဦး။]

Systemက တစ်ခုပြီး တစ်ခု ပြောပြလိုက်တယ်၊ [A အဆင့် ရဲ့ အပေါ်မှာ S အဆင့်  ရှိပြီး S အဆင့် ကို အမြင့်ဆုံး ထင်နေလား? SS အဆင့် လည်း ရှိသလို၊ SSS အဆင့် ကော၊ အိုး တကယ်ပါပဲ၊ တွေးကြည့်လိုက်ရုံနဲ့တင် လဲကျသွားအောင် လုပ်နိုင်နေပြီ!]

ဗီလိန်အ​မြှောက်စာ ဇာဂ့်အထီးအဖြစ်သို့ကူးပြောင်းပြီးနောက် (ဘာသာပြန်)Where stories live. Discover now