Chapter - 27

817 124 7
                                    












နီးစပ်သော်ငြား အလှမ်းဝေးကွာခြင်း

《Unicode》

ပြန်တွေ့ကြမယ်ဟုဆိုခဲ့ကြသော်လည်း နှစ်ဦးသား ကြုံကြိုက်ရန်အခွင့်မကြုံသည်မှာ တစ်လကျော်သွားခဲ့သည့်တိုင်ပင်။

နင်ကျစ်ယွမ်သည်လည်း အလွန်တရာအလုပ်ရှုပ်နေကာ ကုမ္ပဏီအမည်စာရင်းသွင်းခြင်းနှင့် အရင်းအနှီးပြင်ဆင်ချက်များကို အပြီးသတ်ပြီးသည့်နောက်တွင် သူ့ကိုယ်၌အား ချက်ချင်းပင် သူ့အဖွဲ့နှင့်အတူ အလုပ်ထဲတွင်သာ နစ်မြုပ်ထားလိုက်တော့သည်။ မပြီးဆုံးနိုင်သော ပရော့ဂျက်အစည်းအဝေးများ၊ အဆုံးအဖြတ်ချရသောလုပ်ငန်းဆောင်တာများ၊ မရေမတွက်နိုင်သောဖတ်စရာအဆိုတင်သွင်းချက်များ၊ များပြားလှသောတွေ့စရာလူများ။ ထို့နောက်တွင် ပရော့ဂျက်များနှင့် ရင်းနှီးမြှုပ်နှံစရာအခွင့်အလမ်းများကို လိုက်လံရှာဖွေရသည်။

စွန့်ဦးစီးပွါးရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး လုပ်ဖော်ကိုင်ဖက်များနှင့် ဆက်ဆံရေးကို ဆက်လံထိန်းသိမ်းထားရကာ အစိုးရအာဏာပိုင်များနှင့်လည်း ကိုင်တွယ်ဖြေရှင်းရ၏။ လဝက်နီးပါးလောက်က အလုပ်ခရီးထွက်နေရကာ အလုပ်ရှုပ်လွန်းလှသည်မှာ သူ၏ခြေထောက်များပင် မြေကြီးနှင့်ထိရသည်ကိုမရှိ။

ဆုံးဖြတ်ချက်ချရန်နှင့် အခြားလုပ်ငန်းဆောင်တာများအား လက်အောက်ငယ်သံများထံ တာဝန်ပေးရန်သာလိုအပ်သော စန်အန်းတွင်ရှိနေခဲ့သည့်ကာလများနှင့်ယှဉ်ရလျှင် ယခုတွင်မူ အရာအားလုံးက သူ့လက်သူ့ခြေနှင့်ချည်း ဖြစ်နေရ၏။ ၎င်းက အမှန်ပင် ပင်ပန်းရသော်လည်း ထိုကဲ့သို့ကြိုးပမ်းမှုများမှာ ထိုက်တန်လှပါသည်။ ဤအခြေအနေကိုလည်း သဘောတကျရှိနေပြီး နဂိုထက်ပင် စိတ်ခွန်အားအပြည့်ရှိနေခဲ့သည်။

မေလကုန်၊ AIGC*ဆန်းသစ်တီထွင်မှုဆိုင်ရာထိပ်သီးတွေ့ဆုံပွဲတွင်မှသာ စန်ကျစ်စန်းမှာ သူ၏အဖမ်းရခက်လှပါသော "အဖိုးတန်"ညီအား ပြန်မြင်ရခြင်းဖြစ်၏။

[AIGC - AI-generated Content]

ထိုအချိန်တွင် တွေ့ဆုံပွဲမှာလည်း အပြီးသတ်လုပြီဖြစ်သည်။ နောက်ဆုံးသောအထူးဆွေးနွေးမှုက ဆုံးခန်းတိုင်သောအခါ စန်ကျစ်စန်းမှာ လှည့်ပြန်ဖို့ရာပြင်ကာ ကျင်းပရာနေရာမှထွက်အလာ တိတ်ဆိတ်သောနားနေခန်းဧရိယာ၏ထောင့်တစ်နေရာတွင် တစ်စုံတစ်ယောက်နှင့် ဆွေးနွေးနေသော နင်ကျစ်ယွမ်အား လှမ်းမြင်လိုက်ရပေသည်။

သက်ဆင်းတူနှစ်ကိုယ်【ဘာသာပြန်】Where stories live. Discover now