Part 3

1K 29 0
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (3)

နှောင်း တခတ် နဲ့ တေဇဘုန်းပြည့် တို့ စတင် တွေ့ဆုံခြင်း က ဒီလို။

နာရီ ကို တကြည့်ကြည့် စောင့် နေမိ ပေမဲ့ စိတ်မရှည်တက် တဲ့ သူ မျက်ခုံး တွေ က တွန့်ချိုး လို့နေတယ်။

သူက အချိန်ကို ကိုယ်တိုင်လည်း လေးစား သလို တစ်ပါးသူ အချိန် ကို လည်း လေး စား တက်သူ။
လုပ်စရာ တွေ များလွန်း လို့ schedule နဲ့ အလုပ် လုပ်ရတဲ့ သူတို့ လို သူဌေး တွေ မှာ အရှားဆုံး က အချိန်ပင်။

တစ်ခါခါ လူ တွေ က ဆို ချင်သည်။
ဆင်းရဲ သူ က ဘာကြောင့် ဆင်းရဲ ရပြီး ချမ်းသာနေကြသူ များ ကရော ဘာလို့ များ ချမ်းသာ နေကြတာ ဖြစ်မလဲ၊ ဘဝ မှာ ဘယ်အရာ မှာ လွယ်လွယ်ကူကူ ဖြစ်လာတယ် ဆိုတာ မရှိ။

ကြိုးစား ယူ မှ သာ လိုချင်တဲ့ အရာ တွေ က ရောက်လာ တက်တာ ဖြစ်သည်။ သာမာန် လူ တွေ ph ပွတ် ရင်း ပျင်းရိ နေချိန် သူတို့ က မိုးလင်း မိုးချုပ် ဘာ ပြီး ရင် ဘာ လုပ်မယ် ဆို တဲ့ စီမံ ခန့်ခွဲ မှု တွေ လုပ်နေရသည်။ တွက်ချက် ဆုံးဖြတ် မှု တွေ အဆက်မပြတ် လုပ်ဆောင်နေရသည်။

ဒီ အတွက် ကြိုးစား မှု၊ လုံ့လ နဲ့ စိတ်အား ထက်သန်မှု အကျိုး ကို ခံစား ရခြင်း ဟု သူက သတ်မှတ်သည်။

အခု လည်း အချိန်မလေးစား တက်သူ တစ်ယောက် ကို တွေ့ ရပြန်ပြီ။ အပတ်အသပ် အဆက်အဆံ လုပ်ချင်စိတ် က အခု ထဲ က ဟိုးအောက်ဆုံး ရောက်နေပြီ ဖြစ်သည်။

ကဲ...ခု ကို ချိန်းထား တဲ့ အချိန်ထက် နာရီ ဝက် တိတိ နောက်ကျ နေ ပြီ။ လုံလောက်ပြီ ထပ် စောင့် စရာ အကြောင်း မရှိ ဟု သတ်မှတ် လိုက်ကာ ထရပ် လိုက် ချိန် မှာ အနီရောင် ဒေါက်ဖိနပ် ရဲရဲ နဲ့ အမျိုးသမီး တစ်ယောက် ရဲ့ ခြေထောက် များ ကို အရင် တွေ့ လိုက်ရသည်။

တဖြေးဖြေး ကြည့်လိုက် တော့ နေကာ မျက်မှန် ခပ်ကြီးကြီး ကို တက်ထား ပြီး လူ ပုံစံ က မင်းသမီး လိုလို ဘာလိုလို ထင်ရသည်အထိ ပြင်ဆင်ထား သော မိန်းကလေး ကို တွေ့လိုက်ရသည်။

ဂျင်ပြာရောင် စိုလက်နေသည့် ဂျင်း ထဲ အဖြူရောင် စပို့ရှပ် လည်ဝိုင်း ကလေး ကို ထည့်ဝတ် ပြီး အမဲရောင် channel ခါးပတ် သေး ကလေး ပတ် ထား သည်။ အမဲရောင် ခါးတို ကုတ် လက်ရည်ကို ဝတ်မထား ဘဲ ကုတ်ပေါ် ခြုံ တင်ထား ပုံ ကပင် ကိုးရီးယား မင်းသမီး တစ်ယောက် အနား ရောက်လာ သည့် ပုံ မျိုး။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now