Part 5

673 26 0
                                    

အမုန်းကမ်းပါးမှာ ပျိုးတဲ့အချစ်လှိုင်း
အပိုင်း (5)

"ဒါရိုက်တာ ဟုတ်လား "

"ဟုတ်တယ် တေဇ group ရဲ့ ရှယ်ယာ ရှင် ဒါရိုက်တာ နေရာ ကို ကျွန်မ လို ချင်တယ် ၊ ဘာလို့လဲ ရှင့်အဖိုး က ကျွန်မ ကို မဂ်လာဦးလက်ဖွဲ့ အဖြစ် ရှယ်ယာ 10% ပေး ခဲ့ တာ ဘဲ၊ ကျွန်မ အနေ နဲ့ BOD နေရာ ကို ရသင့်တာဘဲ မဟုတ်လား"

သူ့စကား နဲ့ သူ က လည်း အကျိုးအကြောင်း ညီညွတ် နေတာ မို့ တေဇဘုန်းပြည့် မျက်ခုံး ကြောများ ထောင်ထ အောင် စဥ်းစား နေ ရသည်။

လုပ်လာပြန်ပြီ၊ တစ်မျိုးပြီး တစ်မျိုး။
ဘိုးဘိုး ပေးတဲ့ ဒုက္ခ က သူ့ ခေါင်းပေါ် အတုံးလိုက် အတစ်လိုက် ဆိုသလို။

"ဘာလဲ၊ ရှင့်အဖိုး က တောင် ကျွန်မ ကို မဂ်လာဦး လက်ဖွဲ့ ပေး ခဲ့ သေး တာ ရှင့် ဆီ က ဒါရိုက်တာ နေရာ လေး တောင် တောင်း လို့ မရဘူးလား"

"ဒီမှာ နှောင်းတခေတ် ငါက မင်းကို ဒါရိုက်တာ နေရာ မပေး ချင်လို့ မဟုတ်ဘူး၊ မင်း လိုချင်တာ က တေဇ group ရဲ့ BOD(board of director) အဖွဲ့ ဝင်နေရာ၊ တေဇ group ရဲ့ ဥက္ကဌ က အခုထိ ဖိုးဖိုး စီမံ နေ တုံး၊ ငါ က တေဇ လုပ်ငန်း ခွဲ ဖြစ်တဲ့ တေဇ export import company ရဲ့ CEO အဆင့် ဘဲ ရှိတာ "

"ဒါပေမဲ့ ရှင်က တေဇ group ရဲ့ ဒုဥက္ကဌလေ၊ မဟုတ်လည်း ဖိုးဖိုး က လုပ်ပိုင်ခွင့် အားလုံး ရှင့်ကို လွဲ ထား တာ ဘဲ"

တကယ်ကလည်း general power နဲ့ နေရာ ဖန်တီး ပေး ရင်တော့ ရတာ ပေါ့၊ လူ တွေ အမြင်မှာ သူ မိန်းမ ဖြစ်လို့ အဆင့်မြင့် နေရာ တစ်ခု ရသွား ပါတယ် ဆိုတာ မျိုး သူက မဖြစ်ချင်။

ပြီးတော့ နှောင်းတခေတ် ရဲ့ လုပ်ရည်ကိုင်ရည် ကိုလည်း သူ မသိသလို၊သူက သူမ ကို ယုံလည်း မယုံ ပါ။ သူမ အတွက်နှင့်လည်း သူ လူ ကဲ့ရဲ့ မခံ နိုင်။

နှောင်းတခေတ် စိတ်မရှည်တော့၊ စိတ် ထဲ က အတိုင်း ဆို တေဇဘုန်းပြည့် ကို ထုနက် ချင်နေပြီဖြစ်သည်။ ဒီလူ ဖြစ်နေလို့ သာ သူမ မှာ မရှည်တဲ့ စိတ်ကို ဆွဲ ဆန့်နေရတာ။

ဒီလူ ပုံစံ ကို က ၊ လူ ကို မတူသလို၊ မတန်သလို နဲ့။
ဒီ လောက် လှ တဲ့ သူမ လို အချော၊ အလှ လေး ကို အထိ ၊ အကိုင် မခံ၊ အိပ် ရင်တောင် အိပ်ခန်း ထဲ လာ မအိပ်၊ သူ့ စာကြည့်ခန်း မှာ သာ အိပ်သည့် ယောကျ်ား။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now