Part 6

800 28 0
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (6)

အကို က လာခဲ့ ဆိုတော့ လည်း ငွေနှင်းမှုန် မငြင်း နိုင် ပါ။ ကိုမြင့်ဇော် က အကို့ အမိန့် အတိုင်း သူမ တို့ ရပ်ကွက် လမ်းထိပ်အထိ လာ ကြို ပေး တာ ကြောင့် ကိုမြင့်ဇော် ကား နဲ့ လိုက်လာ ခဲ့သည်။

ထုံးစံ အတိုင်း ဆင်ခြေဖုံး ရပ်ကွက် မို့ ရပ်ကွက် ထဲ က MC (Myanmar celebrates) အရှုံးပေးရလောက်တဲ့ ၈ပေ စလောင်း များ က တော့ သူမ အကြောင်း ကို အလုပ်မရှိ အလုပ် ရှာ အတင်းတုပ်ကာ ကျန်ခဲ့ ကြသည်။

ပြောလျှင် လည်း ကောင်း တာ နည်းနည်း ဆိုး တာ များများ တဲ့။

အဲ့တုံး က သူမ  အလုပ်ဝင်ပြီး 3နှစ်လောက် အကြာမှာ ဖြစ်သည်။ အကို က ပထမဆုံး ကားလွှတ် ခေါ် ခိုင်း တဲ့ နေ့ ။ ပြန်ကြားလိုက်ရသော စကား များ ကြောင့် ငွေနှင်းမှုန် ခေါင်းထဲ သွေး များ ပင် တဒိန်းဒိန်း ဆောင့်တိုး သလို ခံစား လိုက်ရသည် ထင်သည်။

"ရုံးကား လည်း မဟုတ်၊ တောက်ပြောင်နေတာဘဲ ဇိမ်ဇံ ကား အကောင်းစား ကြီး နဲ့ အေ၊ ဟင်း... အမေ တူ သမီး ဖြစ်လာ တာ နေမှာ ပေါ့အေ၊ ဒီ ပုတ်ထဲ က ပဲ ပါ ဆို မှ ပဲကြား ထွန်းထွက်လာ ပါ့ မလား "

"ထင်သား ဘဲ၊ တစ်နေ့ ဒီလို ဖြစ်လာ မယ်လို့၊ ရုပ်ကလေး သနားကမား နဲ့ ဆိုတော့ သူဌေး ကီပင် ဖြစ် ပြီ နေမှာ ပေါ့အေ"

"မောင်း တဲ့ လူ ကတော့ အသက်ကြီးကြီး အေ၊ ငါ ကြည့် နေတာ နှစ်ခါ သုံးခါ ရှိပြီ"

ကိုမြင့်ဇော် ကို လည်း ဘာမှန်း ညာမှန်း မသိ ပေးစား ပစ်သည် သာ။ ငွေနှင်းမှုန် မှာ တော့ သူတို့ ပါးစပ် ထဲ လူ က ဘာ မှ မဘာလိုက်ရဘဲ လမ်းဆုံး ခဲ့ ရသည်။

အကြောင်းစုံ သိသည့် သူမ သူငယ်ချင်း ဖြစ်သူ သင်းလဲ့ရည် ခေါ် သင်းသင်း က တော့ အားပေးရှာသည်။

"ဟဲ့...နင်ဘာ မှ ခေါင်း ထဲ ထည့် မနေနဲ့၊ သူ တို့ က အမှန် သိလည်း အမှား ဘဲ ပြောကြမှာ၊ အာ့ အုပ်စု က သူများ သားသမီး သောက်တင်းချ ရ မှ အိပ်ပျော်စားဝင်တဲ့ လူ တွေ " တဲ့ ငွေနှင်းမှုန် ကတော့ ကြား ကြား ချင်း အိမ်ပြင်ပင် ထွက်ဖို့ မရဲ အောင် ရှက် ရသည်။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now