Part 4

860 26 0
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (4)

မဂ်လာပွဲ က ကြွယ်ဝသူ များ ဖြစ်သည့် အလျောက် ခန်းနား ကြီးကျယ် စွာ ပြီးဆုံး သည်။ တင်တောင်းငွေ သီးသန့် 1billion မို့ နှောင်းတခေတ် ရဲ့ တန်ကြေး က ကြီးလွန်းလှ သည်ဟု ဆို နိုင်သည်။

သို့သော် စီးပွါးရေး အရ လက်ထပ်ပွဲ သက်သက် မို့ အပေါ်ယံ ခမ်းနား မှုများဖြင့်သာ သာမာန်ကာလျှံကာ လူကြီး တွေ သဘောဆန္ဒ အတိုင်း သာ ပြီးဆုံး သွား ခဲ့လေသည်။

တေဇဘုန်းပြည့် အဘိုး ဦးတေဇလင်းရှိန် က ဝင်ဒါမီယာ ထဲရှိ 3ဘီလျှံ တန် ခြံနဲ့ အိမ်ကြီး လက်ဖွဲ့ လေရာ သူတို့ လင်မယား က ထို အိမ်မှာ နေ ဖို့ဖြစ်လာ ရသည်။

ပြသာနာ က နှောင်းတခေတ် အိမ်ရောက်လာ သည့် အချိန်မှာ စ လေသည်။

ရွှေလင်ဗန်း နဲ့ အချင်းဆင်း ကာ သူ့ကိုယ်သူ မင်းမွေးသလို သတ်မှတ်ထားသလား ထင်ရတဲ့ မမလေး က သူ့ အိမ် တက်တက်ချင်း ပန်းမိုးရွာ ပြီး ကတီပါ ကော်ဇော နီ နဲ့ ကြို ပေး ရမယ် ဆို လာ တာ ကြောင့် မဂ်လာပွဲ ပြီးပြီး ချင်း အိမ်ပြောင်းမလာဘဲ နောက်နေ့ နံနက်မှ လာ မည်ဆိုသောကြောင့် ဘိုးဘိုး ကလည်း သူမ အဖိုး ဝန်ကြီးချုပ် မျက်နှာ နဲ့ ထိုသို့ ကြိုဆို စေ ခဲ့ ပါတယ်။

သူ့ အတွက် ကလည်း ပြသာနာ ကြီးကြီးမားမား မရှိပါ၊ မဂ်လာပွဲ ပြီးပြီးချင်း မခွဲနိုင် ၊ မခွါ ရက် တွေ့ချင် နေရအောင်လည်း သူနဲ့ ကိုယ်က ချစ်လွန်းလို့ လက်ထပ်ကြသူ များ မဟုတ်။

ထို့ကြောင့် လည်း သူက နားအေး ပြီးရော ဆို တဲ့ သဘော နဲ့ သူမ ဆန္ဒ တစ်နည်းအား ဖြင့် ဘိုးဘိုး အလို ကျ လက်ခံ ပေးခဲ့ပါတယ်။ထိုနေ့ က သူ နဲ့ သူ့ ကြီးကြီး က အိမ် ထဲ မှာ စောင့် နေပြီး သူ့ နို့ထိန်း မိခင် ဖြစ်သူ မေနွဲ့ ခေါ် ဒေါ်တင်တင်နွဲ့ ကို ထွက် ကြို စေ ခဲ့ သော် လည်း ....

"သမီးလေး ရောက်လာ ပြီလား၊ မေနွဲ့ က ကြိုစောင့် နေ တာ "

"အန်တီ က ကိုဘုန်းပြည့် ရဲ့ ကြီးကြီးလား"

"မဟုတ်ပါဘူး၊ မမကြီး က အထဲ မှာ သားကြီး နဲ့ အတူ သမီးလေး ကို စောင့် နေ ပါတယ်၊ အန်တီ က မေနွဲ့ ပါ"

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now