Part 17

1K 42 7
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (17)

"ဘယ်လို...ဘယ်လို မင်း မိန်းမ ကို ပြန် ပြီး လက်ထပ်ခွင့် တောင်း မလို့ ...ဟုတ်လား ပြည့် ကြီး...အဟား"

ကောင်း ကြီး က ခန္ဓာကိုယ် လှုပ်သည် ထိ ကို ရယ် နေပါတယ်။

ဒီကောင် ပြောတော့ တသက်လုံး မချစ်ဖူးလေး ဘာလေးနဲ့။ ခုတော့ သူ့မှာ လက်ထပ်လက်စွပ် လိုက်ရွေးပေး နေရသည့် အဖြစ်။ ကိုယ့် ဘာသာ စော် လိုက်တာ တောင် ဒီကောင့် ကိစ္စလောက် အာရုံ မနောက်ဘူး။

သူတို့ ရောက်နေတာ certificate နဲ့ ရောင်း တဲ့ ရတီ စိန် ဆိုင်ပါ ၊ သကောင့်သား က တစ်လုံးစိန် ဝယ်ချင် တယ် ဆိုလို့ ရောက်နေကြတာ။ တစ်မနက်လုံး ဝန်ကြီးများရုံး မှာ စီးပွါးရေး လုပ်ငန်းရှင် တွေ ကို ကုန်သွယ်ခွန် ကိစ္စ နဲ့ ပတ်သပ်ပြီး အခွန်စီးကြပ်ဖို့ ကိစ္စ တိုင်း ဝန်ကြီး က ခေါ်ယူ ညှိနှိုင်း နေတာ နေ့လည် 12 နာရီ ကျော် မှ ပြီး ပါသည်။

သူ့ မှာ ဗိုက်တွေ ဆာ ဆာ နဲ့ ကို ချစ်သူငယ်ချင်း ကောင်းမှု ကြောင့် လက်စွပ် လိုက် ရွေး ပေး နေရသည်။

"Engage ring ဆို ရင်တော့ တစ်လုံး စိန် လေး ပေး ကြတယ် အကို ၊ married ring ကတော့ ဒီလို စိန် မြုပ်ထား တဲ့ မောင်းကွင်း လေး တွေ သုံး ကြတယ်၊ မောင်းကွင်း ရဲ့ အဓိပ္ပာယ် က အထစ်အငေါ့ ကင်း တဲ့ married life ကို ရည်ရွယ်ပါ တယ်အကို"

"ကောင်းကြီး လုပ်အုံး ကွ၊ ငါက မောင်းကွင်း ရည်ရွယ်ချက် ကိုလည်းကြိုက်တယ်၊ infinity ring လေး ကို လည်း သဘောကျ တယ်၊ အဆုံးမဲ့ ချစ်ခြင်း ဆို တဲ့ အဓိပ္ပာယ် မလား "

"Shitt ဘဲ၊ မင်း တို့ အချစ် အဆုံး မဲ့ မမဲ့ တော့ မသိဘူး၊ ငါ့ ဗိုက် ကတော့ ဆာ လွန်း လို့ အော်တောင် မအော် နိုင်တော့ဘူး ကွ၊ မင်းလို ငါက breakfast စား တက်တဲ့ ကောင် မဟုတ်ဘူး"

"အေးပါကွာ၊ လုပ်စမ်းပါ၊ မကြာပါဘူး ကူကြည့်ပေး စမ်းပါ"

ဒီကောင့် ပြောတဲ့ မကြာပါဘူး က နာရီ ဝက်လောက် ရှိပြီ၊ ပထမ သူ့ မိန်းမ အတွက် engaged လက်စွပ် ရွေး တယ်၊ အင်မတန် အရေအသွေး ကောင်း တဲ့ တစ်ပွင့်စိန် ...သူ့ စိတ်ထဲ လှဆယ် ထင်က သိန်း 1308 သိန်း တန် ၊ ဘေးက အရံ စိန် လေး ရံထား တဲ့ နောက် တစ်ပွင့် က သိန်း 1500 အတိ ဆိုတော့ 1500 ကို ro ပြီး လည်း ပေး ချင်၊ ဟို တစ်ခု က လည်း သူ့ မိန်းမ နဲ့ ဆို လုံးဝ လိုက်မှာ ဘာညာ နဲ့ ကြိုက်တာ က တစ်မျိုး ၊ ယူချင်တာ က တစ်မျိုး ဗျာ များ ပြီး နောက်ဆုံး ဗိုက်ဆာဆာ နဲ့ နှစ်ကွင်း လုံး ယူ ခိုင်း လိုက်မှ ဇယား က ပြတ်တယ်။

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now