Part 16

1.1K 48 9
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (16)

အဆင်မပြေတော့လည်း အဆင်မပြေလို့။
အဆင်ပြေတော့လည်း အဆင်ပြေလွန်းလို့ အခက်တွေ့ ရသည်။

တေဇဘုန်းပြည့် ...သူက ကလေး ဆိုး ကြီး တစ်ယောက်လို ဘဲ။
လိုချင်တာ ရဖို့ ဆို နှုတ်ခမ်း ဆူ ဖို့လည်း ဝန်မလေး၊ မျက်နှာ ကြီး ပုတ်သိုး ပြီး မဲမှောင် နေ ဖို့လည်း လုံးဝ မရှက်တက်သူ ဖြစ်သည်။

နှောင်း နဲ့ သူ အဆင်ပြေ ပါ ပြီ ဆိုတည်းက လူကို တောက်တက် လို နေ့နေ့ညည ကပ်နေတော့တာ။

အဆင်ပြေပါပြီး ဆိုတဲ့ နေ့ ထဲက အလုပ်တောင် မသွား ချင်တော့ လို့ နှောင်း က ဇွတ် လွှတ်ရ သည်။

အဲဒါတောင် နေ့ တစ်ပိုင်း ဘဲ လုပ်ပြီး အိမ် ပြန်ပြန်ရောက်လာ သည်။

"မောင့် တစ်သက်လုံး နေ့မနား၊ ညမနား အလုပ်ချည်း လုပ်လာတာ၊ ခု အလုပ် မလုပ် ချင်တော့ဘူး၊ မိန်းမ နားဘဲ ကပ်ချင်တော့ တယ် "

တဲ့လေ ပြောပုံက ....

အလုပ် က ပြန်လာ ပြီး ဆို တစ်အိမ်လုံး ကို ပတ်ပြီး နှောင်းကို မတွေ့ မချင်း လိုက် ရှာ တာလည်း သူ့ အကျင့်။

ပြီး ရင်လည်း ရှာ ရုံ နဲ့ ပြီး တာ မဟုတ်၊
တွေ့တာ နဲ့ အသံ မကြား အောင် လာ ....အနား ရောက်မှ နောက်က နေ ဗြုန်းခနဲ ခါး ကို သိုင်းဖက်ပြီး လည်ဂုတ် တွေ ဆံပင်တွေ၊ ပါး တွေ လာ လာ နမ်း တာ ။

ပြီးကျ "လွမ်း နေတာ" ဆိုပြီး ပလီတက်သေးတာ ...

ဟုတ်တယ်သူ နဲ့ နှောင်း က  မတွေ့ရတာ အတော် ကြာ ပြီး ဆိုတော့.... တစ်အိမ်ထဲ နေပြီး သူ ဘဲ ကဲသဲ နေ၊

ကြီးကြီးလျာ ဆို သူ့ကို အကဲပို လို့ ဆို မျက်စောင်းတွေ ထိုးနေပြီ။

မေနွဲ့ ကတော့ အစ ပိုင်း အံ့သြော နေပေမဲ့ နောက်တော့ သူပျော်နေတာ ကြည့်ပြီး တပြုံးပြုံး နဲ့ပါ။

ဂုဏ်ရောင် က များ သော အားဖြင့် အိမ်မှာ သိပ်မရှိတက်လို့ သူ့ ဒယ်ဒီ အခြေအနေ ကို မတွေ့သေး ပေမဲ့ တစ်ခါ တွေ့ တော့ မျက်လုံး ကြီး ကို ပြူး လို့...

အာ့နေ့က kitchen ထဲ မှာ နှောင်း က သူ ပြန်လာ ရင် စားဖို့ အသီး တွေ အခွံနွှာ နေတာ ....

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now