အမုန်းကမ်းပါးမှာပျိုးတဲ့အချစ်လှိုင်း
အပိုင်း (32)အစော ဒီကောင် လုပ်နေပုံ နဲ့က မလွယ်ဘူး၊ ကြာရင် သူပါ ကွေး ကုန် တော့ မှာ ဆိုးလို့ သူ့ဘဲ အလျော့ပေး ပြီး ကိုယ့် အခန်း ကို ပြန် လိုက်ရတယ်။
သူမှာ အိပ်ရာ ပေါ် ရောက် သည်အထိ မျက်နှာ ကို မတည်နိုင်ဘူး။ ပြုံးစိစိ ဖြစ်နေတုံး....
ယောကျ်ားတန်မဲ့ အသား လေး တွေ က နုအိ ပြီး ပန်းရောင် သန်း နေတာ လေ၊ ခြေဖဝါး လက်ဖဝါး လေး တွေ ဆို ဖြူနု ပြီး အနီ ရောင် သန်းနေ တာ ငုံထွေး ထား ချင်စရာ လေး။
နှာသီးဖျား ကလေး တွေ ပါးပြင် လေး တွေ ပါ ဖြူနု ပြီး ပန်းရောင် သန်း နေတာ ၊ နားသလယ် မွေးလေး တွေ ဆို စိမ်းဖန့် လို့ ကလေး ပိစိ လေး လို အူယားပြီး ကုန်း ကိုက် ပစ် ချင်စရာ ပင် ကောင်း နေသေးသည်။
အား... ငါ ဘာတွေ လျှောက်တွေး နေတာ လဲ၊ ယောကျ်ား ချင်း ကို၊ တော်...တော်၊ တော်တော်ကြာ မထော်မနန်း တွေ ဖြစ်ကုန် မယ်။
ဒါပေမဲ့ လိုလား... ယောကျ်ား တစ်ယောက် က အဲလောက် ကြီး နုဖက် နေဖို့ တကယ်ရော လိုအပ်လို့လား။ အာ မသိဘူး လိုလို...မလိုလို ၊ အဂ္ဂတေဇ မင်း မျက်လုံး တွေ မှိတ်ပြီး၊ သောက်ရေး မပါ တဲ့ အတွေး တွေ ကို မောင်းထုတ် လိုက်တော့။
မျက်လုံး ကို ဇွတ်မှိတ် ပြီး အိပ်ဖို့ တောင် မနဲ ကြိုးစား လိုက်ရသည်။
အစော...မင်း တော်တော် ဒုက္ခပေး တဲ့ ကောင်။>>>>>>>>><<<<<<<<<<
ရှင်နှောင်း မှာ လည်း ရှက်ရှက် နဲ့ ဘာလုပ်လို့ လုပ်ရမှန်း မသိ ဖြစ် ကျန်ခဲ့သည်။
အထိအတွေ့ လုံးဝ မရှိ ဘဲ နေလာ ခဲ့ တာ မို့ ရင်ထဲ ဖိန်းတိန်းတိန်း ရှိန်းတိန်းတိန်း၊ ဖြစ် ကျန်ခဲ့ ကာ လူက လည်း ရင်တွေ၊ ပန်းတွေ တုန် နေ ပြီး မအီမသာ ကြီး ကျန်ခဲ့ လေသည်။
ဒါကြောင့် ပြန်တောင် မအိပ်တော့ ဘဲ တပ်မှူး ခန့်ညား နဲ့ မယ်ငု ကို နိုး ကာ တည်းခို ဆောင်က နေ ဝေလီဝေလင်း မှာ ပင် ထွက် လာ ခဲ့တော့ သည်။
ဟိုလူ နဲ့ မျက်နှာ ချင်း မဆိုင်ချင်ဘူး။ ရှက် ပြီး ရင်တုန် ပန်းတုန် ဖြစ် နေ ရတာ ကြီး ကို ရှင်နှောင်း စိတ်ညစ် သည်။