Part 30 (past)

921 46 1
                                    

အမုန်းကမ်းပါးမှာပျိုးတဲ့ အချစ်လှိုင်း
အပိုင်း (30)

မရင်းနှီး သည့် ပတ်ဝန်းကျင်၊ မနှစ်မြို့ ဖွယ် အနံ့အသက် ၊ မသတိ စရာ မှောင်မိုက်နေသည့် နေရာစိမ်း ကြီး မှာ သူမ မောပန်း စွာ ပြေးလွှားနေခဲ့ရ သည်။ ချွေး တွေ ရေ ကဲ့သို့ ခန္ဓာကိုယ် နေရာ အနှံ့ မှာ စိုရွဲ့ နေ ပြီး မောဟိုက် တုန်ခိုက် သည် အထိ ပြေးလွှား နေ ခဲ့ပေမဲ့ အမှောင်ထု ကြီး ထဲက ပြေး မလွှတ် သလို ၊ နောက်က အသံနက် ကြီး နဲ့ ထပ်ကျပ် မကွာ လိုက်နေသည့် မကောင်းဆိုးဝါး ကြီး လက်ထဲက နေ လည်း မလွတ်မြောက် နိုင်သေး ပါ၊

သူမ ပြေး နေဆဲ...
တုန်ခိုက် စွာ အား ကုန် လုနီးပါး ဖြစ်နေတဲ့ ခြေလှမ်း တွေ တရွတ်ဆွဲ မတက် အသက်လု ပြေး နေပေမဲ့ ထို အမှောင်ထု ကြီး ထဲ ကရော... မကောင်းဆိုးဝါးတွေ လက်ထဲ ကရော မလွတ်မြောက် နိုင် ဟု သူမ စိတ်ထဲ ခံစား လာရကာ အားလျော့ ခြင် လာသည် အထိ ပင်။

တစ်နေရာ အရောက် သူမ ရဲ့ တရွတ်ဆွဲ လေးကန်နေပြီ ဖြစ်တဲ့ ခြေထောက် တွေ မှာ ပြေး နေရင်း ကို အရှိန်နဲ့ လဲ ကျ သည်။

"အ..."

အကျ နာ လွန်း လို့ ခန္ဓာကိုယ် တစ်ခုလုံး ကိုင် ရိုက်ထား သလို နာကျင်လွန်းလှသည်။

သို့သော် အသံ နက် ကြီး တွေ နဲ့ မကောင်းဆိုးဝါးကြီးတွေ ရဲ့ ခြေသံ ကြီး တွေ နဲ့ အရိပ် တွေ ကို မြင် သည် နှင့် ထပ် ပြေး နေမိပြန် သည်။

အတော မသပ် နိုင်၊ အဆုံး မသတ် နိုင် အောင် ထ ပြေးလိုက်၊ လဲ ကျ လိုက်နဲ့ သံသရာ လည်နေ ပြီး အမှောင်ထ ကြီး က လည်း သေလောက် အောင် ပြေး နေ တာ တောင် အဆုံး သတ် သွား သည်ဟု မရှိ ဘဲ....

"ကယ် ပါ... ကျွန်မ က တစ်ယောက်ယောက် ကယ်ပေး ကြပါ..."

အာခေါင်ခြစ် အော် နေပေမဲ့ ကူကယ်မည့် လူ ရယ်လို့ မရှိ။

"သူ့ ဝိဥာဥ် ကို ထိန်း ထား လိုက်ရင် အမှောင် ထု ထဲ ကူကယ်ရာ မဲ့ ပြီး ကြောက်ရွံ့ နေရမှာ ...................."

"ဒီလို ဆို ဘာ စောင့်နေတာ လဲ၊ အဲဒီ မိန်းမ ကို အမြန်ဆုံး ဒုက္ခ ခံ စေချင်လှပြီ..................."

"သူ့ သွေး တစ်စက် စီ ဒီကောင်တွေ ကို တိုက်ရင် ဒီ ကောင်ကြီး တွေက အဲ့ အနံ့ အတိုင်း တောက်လျှောက် လိုက်နေကြတော့မှာ................."

အမုန်းကမ်းပါးမှာ ပျိုးတဲ့ အချစ်လှိုင်းWhere stories live. Discover now